AINBO: Spirit of the Amazon
အမေဇုန်တောအုပ်ထဲက ရွာလေးတစ်ရွာမှာ နေတဲ့ အင်ဘိုဟာ အသက်ဆယ့်သုံးနှစ်ပဲ ရှိသေးပေမယ့် တစ်နေ့မှာ အတော်ဆုံးမုဆိုး ဖြစ်ချင်နေတဲ့ ကလေးမလေးပါ။ မိဘတွေ မရှိတော့သလို သူတို့ဘယ်သူတွေလဲဆိုတာကိုလည်း မသိခဲ့ရဘူး။ ရွာသူကြီးလင်မယားက သူ့ကိုမွေးစားထားပြီး သူတို့ရဲ့သမီးအရင်း ဇူမီနဲ့လည်း ညီအစ်မလို ခင်မင်နေကြပါတယ်။ တစ်နေ့မှာတော့ ရွာလေးကို ကျိန်စာတစ်ခု ကျရောက်လာပြီး ရွာသားအားလုံး ဒုက္ခရောက်လာကြတယ်။ အင်ဘိုက သူချစ်တဲ့သူတွေနဲ့ ရွာကို ကယ်တင်ဖို့ ကျိန်စာဖြေနည်းကို ရှာရသလို ဘယ်သူကျိန်စာတိုက်ခဲ့တာလဲဆိုတာကိုလည်း စုံစမ်းရပါတော့တယ်။ သူ့ရဲ့စွန့်စားခန်းကို အရောင်အသွေးစုံစုံနဲ့ တင်ဆက်ထားတဲ့ ကာတွန်းဖြစ်ပြီး ချစ်စရာတိရစ္ဆာန်လေးတွေလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း