ဇာတ်ကားများ ရွေးရန်

Night Moves

2014ဇာတ်ကားအမှတ် 5.8/10112 မိနစ်

အော်ရဂွန်မြစ်ကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေရှိသလို စွမ်းအင်ရဖို့ မြစ်ပေါ်မှာ ရေကာတာတွေလည်း အထပ်ထပ် ဆောက်ထားပါတယ်။ အဲဒီရေကာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရေနေသတ္တဝါတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်နေချိန်မှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူသုံးယောက်က ရေကာတာတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတယ်။ သူတို့ဟာ အချိန်ယူပြီး စနစ်တကျ စီစဉ်ကြသလို လိုအပ်တဲ့ ငွေကြေးနဲ့ လူအင်အားကိုလည်း စိုက်ထုတ်ကြပါတယ်။ ဒါပေမဲ့ အစီအစဉ်ကို လက်တွေ့လုပ်လိုက်တဲ့အခါ အကျိုးဆက်တွေက ထင်ထားသလို ဖြစ်မလာဘူး။ ဒီကြားထဲ သူတို့ထဲက တစ်ယောက်ဟာ အဲဒီအကျိုးဆက်တွေကို မခံနိုင်တော့ဘဲ မလုပ်သင့်တာတွေ ဆက်လုပ်မိရာက အခြေအနေတွေ ပိုရှုပ်ထွေးလာပြီး ရှောင်တိမ်းရတဲ့အထိ ဖြစ်လာပါတယ်။ ဇာတ်လမ်းက စကားပြောခန်းများပြီး ငြိမ်တဲ့ ကင်မရာရိုက်ချက်တွေနဲ့ ဖြည်းဖြည်းချင်း ဆက်သွားပါတယ်။

ဇာတ်လမ်းအကြောင်း