ဇာတ်ကားများ ရွေးရန်

Touch of Evil

1958ဇာတ်ကားအမှတ် 7.8/10111 မိနစ်

IMDb - 8/10 ဂန္တဝင်​ရုပ်ရှင်​ Citizen Kane ကို ရိုက်​ကူး၊ သရုပ်​ဆောင်​ခဲ့တဲ့ ဒါရိုက်တာ​ Orson Welles ရိုက်​ကူး​ထား​ပြီး ၁၉၅၈ ခုနှစ်​မှာ ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားက Noir/ Thriller အမျိုး​အစား​ မှုခင်း​ရုပ်ရှင်​ဖြစ်​ပါတယ်။ Ten Commandments မှာ Moses အဖြစ်​၊ Ben Hur ရုပ်ရှင်​မှာ Ben Hur​ အဖြစ်​ အဓိက​ဇာတ်​ကောင်​နေရာတွေ​ကနေ သရုပ်ဆောင်​ခဲ့တဲ့ မင်းသား​ကြီး​ Charlton Heston က ဒီ​ဇာတ်​ကား​မှာ မက္ကဆီကန်​အရာရှိ Vargas အဖြစ်​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မက္ကဆီကိုနဲ့ အမေရိက​ နယ်စပ်​အနားက မြို့​လေး​တစ်မြို့မှာ ကားဗုံး​ပေါက်ကွဲ​မှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန်​ မူးယစ်​အရာရှိ​တစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်​စုံထောက်​အရာရှိ​ ကပ္ပတိန်​ Hank Quinlan​တို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦး​ကြား​ ပဋိပက္ခ​တွေဖြစ်ပွားလာပြီး တစ်​ချိန်​တည်း​မှာ​ Vargas​ ရဲ့ ဇနီး​ Susan ကိုလည်း​ Vargas​ ရဲ့ရန်သူ Grandi မိသားစု​က ဒုက္ခ​ပေး​ဖို့ ကြံစည်​လာပါ​တာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူး​တဲ့ ဂန္တဝင်​ဒါရိုက်တာ​ကြီး Orson Welles က ရဲ​အရာရှိ​ကြီး Hank Quinlan​ နေရာ​မှာ သရုပ်ဆောင်​ထား​ပါတယ်။ အဖြူ​အမည်း​ရုပ်​ရှင်​ကိုမှ Noir​ အမျိုးအစား​ဖြစ်​ပေမဲ့​ Thriller ဇာတ်လမ်း​ပီပီ ဆွဲဆောင်​မှုရှိတဲ့ ဇာတ်​အိမ်​နဲ့အတူ​ Orson Welles ရဲ့​ အကောင်း​ဆုံး​ရုပ်ရှင်​တွေ​ထဲက တစ်ခု​အဖြစ်​ သတ်မှတ်​ခံထားရ​ပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်​လည်​ထုတ်​လွှင့်​ခဲ့ပါသေးတယ်။ File size…(1.9 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre... Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

ဇာတ်လမ်းအကြောင်း