ဇာတ်ကားများ ရွေးရန်

Brahmāstra Part One: Shiva

2022ဇာတ်ကားအမှတ် 6.6/10168 မိနစ်

ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံနေကြတဲ့ ရသေ့ရဟန်းတွေဆီ အလင်းတန်းတစ်ခု ကျရောက်လာပြီး ဘုရားသခင်က အက်စသရလို့ခေါ်တဲ့ စွမ်းအင်လက်နက်တွေ ပေးအပ်ခဲ့ပါတယ်။ အဲဒီလက်နက်တွေနဲ့အတူ Lord Shiva ရဲ့ အစွမ်းထက်လက်နက် ဗရမာစသရလည်း ပေါ်ပေါက်လာခဲ့တယ်။ ပိုင်ဆိုင်သူဟာ လောကကို အသစ်ပြန်ဖန်ဆင်းနိုင်သလို အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် ဗရမန့်ချ်ဆိုတဲ့ စောင့်ရှောက်ရေးအဖွဲ့က လက်နက်ကို သုံးပိုင်းခွဲပြီး ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတယ်။ တစ်ဖက်မှာတော့ ဒီလက်နက်ကို လိုချင်နေတဲ့ အဖျက်မုဆိုးအဖွဲ့တစ်ဖွဲ့လည်း ရှိနေပါတယ်။ ရှီဗားကတော့ ငယ်ငယ်ကတည်းက မိဘမရှိဘဲ ကြီးပြင်းလာခဲ့ရပေမယ့် ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်ပျော်ဖြတ်သန်းနေသူပါ။ သူ့ကံကြမ္မာဟာ အဲဒီစွမ်းအင်လက်နက်တွေနဲ့ ဆက်နွယ်နေတယ်ဆိုတာ သူကိုယ်တိုင်တောင် မသိသေးဘူး။ ဒါပေမယ့် ထူးဆန်းတဲ့မြင်ကွင်းတွေကိုတော့ မြင်ရတတ်ပါတယ်။ တစ်နေ့မှာ လူတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်နေတဲ့ မြင်ကွင်းပေါ်လာပြီး အဲဒီလူဟာ အပြင်မှာလည်း တကယ်သေဆုံးသွားကြောင်း သိလိုက်ရတဲ့အခါ ဒီလျှို့ဝှက်ချက်ကို စတင်ရှာဖွေပါတော့တယ်။ ဒီဇာတ်ကားမှာ ရန်ဗီးကပူး၊ အာလီယားဘတ်၊ အမီတာဘဂျမ်းနဲ့ မွန်နီးရွိုင်းတို့ ပါဝင်သရုပ်ဆောင်ထားပြီး ရှာရွတ်ခန်း၊ ဒီပီကားပါဒူကွန်နဲ့ နာဂဂျွန်နာအခီနယ်နီတို့လည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း