ဇာတ်ကားများ ရွေးရန်

Liao Zhai Fox Spirit: Spoony Woman

2023ဇာတ်ကားအမှတ် 5.0/1085 မိနစ်

မြေခွေးမိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာ အပူအပင်ကင်းကင်း နေထိုင်လာခဲ့ပါတယ်။ တစ်နေ့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့လမ်းမှာ ဝမ်ကျီဖူဆိုတဲ့ ပညာရှိတစ်ယောက်နဲ့ ဆုံမိတယ်။ ဝမ်ကျီဖူက ယင်းနင်ကို မြင်မြင်ချင်း ချစ်သွားပြီး မစားနိုင်မသောက်နိုင် ဖြစ်နေတော့တာပါ။ နောက်တော့ တိုက်တိုက်ဆိုင်ဆိုင် သူမနေတဲ့နေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ခေါ်လာပါတယ်။ ဝမ်ကျီဖူတို့က ပညာတတ်မိသားစုဖြစ်တာကြောင့် သူ့အမေ သခင်မဝမ်ဟာ လွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို သဘောမကျပါဘူး။ ယင်းနင်က မြေခွေးမိစ္ဆာဖြစ်မှန်း သိသွားတဲ့အခါမှာတော့ သားဖြစ်သူနဲ့ ခွဲဖို့ ကြိုးစားပါတော့တယ်။ ယင်းနင်ဟာ သူ့အပေါ် အထင်အမြင်လွဲမှားနေတာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ သူ့မိဘအရင်းတွေကရော ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ တရုတ်ဒဏ္ဍာရီကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း