ဇာတ်ကားများ ရွေးရန်

A Baby at Any Cost

2022ဇာတ်ကားအမှတ် 6.1/1085 မိနစ်

ရှေ့နေမော်နီကာဟာ ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့သူပါ။ သူနဲ့ ခင်ပွန်းဘရက်တို့က လီလီဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးရဲ့ အကူအညီနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက် ရလာတော့ မိသားစုဘဝ ပြည့်စုံသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ မော်နီကာရဲ့ညီမ ဂျန်ကတော့ ခင်ပွန်းနဲ့ ကွာရှင်းဖို့ လုပ်နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်နေရတယ်။ မော်နီကာက ညီမဘက်က ရှေ့နေလိုက်ပေးနေပါတယ်။ အစ်မက တည်ငြိမ်ပြီး ထက်မြက်ပေမယ့် ညီမကတော့ ဒေါသကြီးပြီး ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တာများလို့ ညီအစ်မနှစ်ယောက်ရဲ့စရိုက်က အတော်ကွာတယ်။ ဂျန်ရဲ့အပြုအမူတွေကို သဘောမကျတဲ့ မော်နီကာက ကလေးထိန်းဖို့ ညီမကို မခေါ်တော့ဘဲ လီလီ့ကို ခန့်လိုက်ပါတယ်။ ကိုယ်တိုင်က သမီးနဲ့ခွဲနေရပြီး အိမ်ထောင်ရေးလည်း အဆင်မပြေတဲ့ ဂျန်ဟာ အစ်မမိသားစုနဲ့ လီလီတို့ အဆင်ပြေနေတာကို မြင်ရတော့ မနာလိုစိတ်တွေ ဝင်လာတယ်။ ကလေးနဲ့ မိသားစုဘဝကို လိုချင်ကြတဲ့ ဒီအမျိုးသမီးသုံးယောက်ကြားမှာ လျှို့ဝှက်ချက်တွေ ရှိနေပြီး ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်လိုက်တဲ့အခါ ပြဿနာစလာပါတယ်။

ဇာတ်လမ်းအကြောင်း