ဇာတ်ကားများ ရွေးရန်

Kantara

2022ဇာတ်ကားအမှတ် 7.6/10147 မိနစ်4K

ရှေးဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြည့်စုံနေပေမယ့် စိတ်အေးချမ်းမှုတော့ မရခဲ့ပါဘူး။ အဲဒီအေးချမ်းမှုကို လိုက်ရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်။ ပန်ဂျူရီက ရွာတစ်ရွာကို စောင့်ရှောက်ပေးနေသူဖြစ်လို့ ဘုရင်က သူ့ကို လိုချင်ရင် သူ့အသံရောက်တဲ့အထိ မြေကို ရွာအတွက် ချီးမြှင့်ပေးရမယ်လို့ အပေးအယူလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘုရင်လည်း စိတ်အေးချမ်းမှု ရသွားပြီး ရွာသားတွေလည်း ကျယ်ပြောတဲ့သစ်တောနဲ့အတူ ပန်ဂျူရီရဲ့စောင့်ရှောက်မှုအောက်မှာ နေလာခဲ့ကြတယ်။ ၁၉၇၀ ပြည့်နှစ်မှာတော့ လူတစ်ယောက်က ဒီရွာဟာ သူ့ဘိုးဘွားပိုင်မြေဖြစ်လို့ ပြန်ပေးရမယ်ဆိုပြီး ပန်ဂျူရီကို ရင့်ရင့်သီးသီး ပြောဆိုတောင်းယူခဲ့ပါတယ်။ နောက်တစ်နေ့မှာ အဲဒီလူ တရားရုံးလှေကားပေါ် သွေးအန်ပြီး သေနေတာကို တွေ့ကြရတယ်။ ဇာတ်လမ်းအဓိကဖြစ်ပျက်တဲ့ ၁၉၉၀ ပြည့်နှစ်ကို ရောက်တော့ ဒီနေရာဟာ အစိုးရပိုင်သစ်တောကြိုးဝိုင်းဖြစ်ပြီး တောထဲကအရာတွေအတွက် အစိုးရဆီ ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေ ထွက်လာပါတယ်။ အဲဒီရွာက ရှီဗာဆိုတဲ့ ရွာသားတစ်ယောက်ကတော့ တောဝက်အမဲလိုက်တတ်သူပါ။ အမေက မကြိုက်လို့ တားနေပေမယ့် သူကတော့ ဆက်လိုက်နေဆဲပဲ။ တစ်နေ့ အမဲလိုက်ပြီးတဲ့ညမှာ တောဝက်တစ်ကောင် သူ့နောက်ကို လိုက်နေတဲ့ အိပ်မက်ဆိုးမက်ပြီး အလန့်တကြား နိုးလာခဲ့တယ်။ ပန်ဂျူရီစောင့်ရှောက်ထားတဲ့ ရွာနဲ့သစ်တောဆီ ရောက်လာတဲ့ အမိန့်တွေ၊ ရှီဗာမက်တဲ့ အိပ်မက်ဆိုးတို့ ဘယ်လိုဆက်စပ်နေလဲဆိုတာကို ဇာတ်လမ်းတစ်လျှောက် ဖော်ပြထားပါတယ်။ ရီရှက်ဘ်ရှက်တီ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရှီဗာအဖြစ် သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းအကြောင်း