ဇာတ်ကားများ ရွေးရန်

On Golden Pond

1981ဇာတ်ကားအမှတ် 7.2/10109 မိနစ်

80sတုန်းက ကားဟောင်းတွေ ကြိုက်တတ်တဲ့ သူတွေအတွက် မိုးအေးအေးနဲ့ ကြည့်လို့ကောင်းတဲ့ မိသားစုကားလေး တစ်ကားဖြစ်ပါတယ်။ Lead Actor တွေအနေနဲ့ Henry Fonda, Katherine Hepburn, Jane Fonda တို့က ပါဝင်ထားပြီးတော့ မိဘနဲ့ သားသမီးကြား ဆက်ဆံရေးကို ဖော်ကျူးထားတဲ့ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက် ၈၀ ပြည့်တော့မယ့် ပရောဖက်ဆာ တစ်ယောက်လည်းဖြစ်တဲ့ Norman Thayer ဆိုတဲ့ အဖိုးကြီးဟာ လက်ပေါက်ကပ်သလို ဘုဘောက်ကျပြီး မိန်းမကလွဲရင် ဘယ်သူနဲ့မှ အဆင်မပြေပါဘူး။ အသက်ကြီးလာလို့ ကျန်းမာရေး ချွတ်ယွင်းလာတာကြောင့် သိမ်ငယ်စိတ်လည်း ဝင်နေသူဖြစ်ပါတယ်။ Norman ရဲ့ အမျိုးသမီး Ethelကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ပျော်ပျော်နေတတ်သလို Normanကိုလည်း အစစအရာရာဂရုစိုက်တတ်ပါတယ်။ သူတို့မှာ Chelsea ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပြီး Chelsea နဲ့ Norman ဆက်ဆံရေး အဆင်မပြေလှပါဘူး။ Chelseaက သူ့အဖေရဲ့ ၈၀ ပြည့်မွေးနေ့မှာ ခင်ပွန်းလောင်းဖြစ်သူ ရယ် လင်ပါသား ၁၃နှစ်အရွယ် Billy နဲ့အတူ လာလည်ခဲ့ပါတယ်။ Billyကို သူ့မိဘတွေနဲ့ အတူ ရွှေရောင်ကန်ဆိုတဲ့ သူတို့ရဲ့ ကန်စပ်က အိမ်လေးမှာ တစ်လထားခဲ့ပါတယ်။ တစ်လအတွင်းမှာလက်ပေါက်ကပ်တဲ့ Norman ကြီးနဲ့ Billy လေးနဲ့ ဆက်ဆံရေးက ချစ်စဖွယ် တိုးတက်လာသလို Chelsea နဲ့ သူ့အဖေရဲ့ ဆက်ဆံရေးကလည်း ပြန်လည် သင့်မြတ်သွားတာကို ကြည့်ရှုရမှာပါ။ ဇာတ်ကားထဲက သားအဖတွေဖြစ်တဲ့ Henry Fonda နဲ့ Jane Fonda ကအပြင်မှာလည်း သားအဖတွေပဲဖြစ်ပါတယ်။၏ File size…(2.3 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

ဇာတ်လမ်းအကြောင်း