ဇာတ်ကားများ ရွေးရန်

Ice Sniper 2

2023ဇာတ်ကား85 မိနစ်

ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နဲ့ ကူမင်တန်တို့ ပြည်တွင်းစစ်ဖြစ်နေချိန်မှာ ဇာတ်လမ်းစထားပါတယ်။ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသက မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ် ရက်ပေါင်းများစွာ အပြန်အလှန်ပစ်ခတ်နေကြပြီး အခြေအနေက တင်းမာနေတယ်။ အဲဒီကြားမှာ ကူမင်တန်အရာရှိတစ်ယောက်က စစ်ပွဲကို အကြောင်းပြပြီး ရတနာသိုက်တစ်ခုကို သိမ်းယူဖို့ ကြံစည်နေပါတယ်။ မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းက ဂျပန်တော်လှန်ရေးစစ်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ မျိုးချစ်တစ်ယောက်ပါ။ သူ့ကို ကွန်မြူနစ်တပ်နဲ့ ပူးပေါင်းလာအောင် နားချဖို့ လက်ဖြောင့်စနိုက်ပါသမား ယန်ကျန့်ဖုန်းကို တာဝန်ပေးလိုက်တယ်။ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ တိုက်ပွဲဝင်နေတဲ့ ယန်ကျန့်ဖုန်းဟာ လှည့်ကွက်များတဲ့ ကူမင်တန်အရာရှိနဲ့ ဉာဏ်ချင်းပြိုင်ရတော့မှာပါ။ စစ်ပွဲတွေအပြင် တောင်တွေကို ကြီးစိုးထားတဲ့ ဓားပြဂိုဏ်းတွေရဲ့အကြောင်းနဲ့ ဒရာမာအပိုင်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း