Utøya: July 22
၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ နော်ဝေနိုင်ငံဟာ အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခုကို ကြုံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကာယာက ညီမလေး အမ်မီလီနဲ့အတူ Utøya ကျွန်းပေါ်က AUF နွေရာသီစခန်းကို ရောက်နေခဲ့တယ်။ အစိုးရရုံး တိုက်ခိုက်ခံရတဲ့သတင်းကို သိလိုက်ရတဲ့အခါ ကျွန်းပေါ်ကသူတွေဟာ အပြင်မှာဖြစ်နေတဲ့ အခြေအနေအတွက် စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ရှိနေတဲ့ ကျွန်းပေါ်ကို အကြမ်းဖက်သမား ရောက်လာပြီး ပစ်ခတ်တော့တယ်။ အဆက်အသွယ်လည်းမရ၊ ကယ်ဆယ်မယ့်သူလည်း မရှိသေးဘဲ ရဲတွေလည်း ရောက်မလာသေးတဲ့အချိန်မှာ လူတွေ အသတ်ခံနေကြရပါတယ်။ ကာယာက ကိုယ့်အသက်ကို ကာကွယ်ရင်း ညီမလေးကိုပါ လိုက်ရှာနေရတယ်။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဖန်တီးထားတာဖြစ်ပေမယ့် ဖြစ်ရပ်မှန်ထဲက အသက်ရှင်ကျန်ရစ်သူတွေရဲ့ အတွေ့အကြုံတွေကို အခြေခံထားပါတယ်။
ဇာတ်လမ်းအကြောင်း