Vesper
အနာဂတ်မှာ ကမ္ဘာ့ဂေဟစနစ် ပျက်စီးတော့မယ်ဆိုတာ သိလာတဲ့ လူသားတွေဟာ အပင်တွေ မပျောက်ကွယ်သွားဖို့ ကြိုတင်စမ်းသပ်ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ စမ်းသပ်နေတဲ့ အပင်မျိုးစိတ်တွေ ဓာတ်ခွဲခန်းထဲက လွတ်ထွက်သွားရာက ကမ္ဘာတစ်ခုလုံး ကမောက်ကမ ဖြစ်သွားတယ်။ မူလရှိနေတဲ့ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းသွားပြီး လူသားလည်း အနည်းငယ်ပဲ ကျန်တော့တယ်။ ကျန်ရစ်သူတွေထဲက အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာ နေကြပြီး အပြင်ကလူတွေကတော့ ကြမ်းတမ်းတဲ့လောကမှာ အသက်ရှင်ဖို့ ရုန်းကန်နေကြရပါတယ်။ ၁၃ နှစ်အရွယ် ဗက်စ်ပါဟာ ဉာဏ်ကောင်းပြီး ထက်မြက်ပေမယ့် အဲဒီမြို့တော်တွေထဲမှာ နေခွင့်ရတဲ့သူ မဟုတ်ပါဘူး။ သူ့အဖေကလည်း မြို့တော်အတွက် စစ်မှုထမ်းရင်း မသန်စွမ်းဖြစ်သွားလို့ အိပ်ရာပေါ်မှာပဲ နေရတယ်။ သားအဖနှစ်ယောက်ဟာ ကရုဏာကြေးအဖြစ် ရထားတဲ့ ဒရုန်းလေးကနေတစ်ဆင့် စကားပြောဆက်သွယ်ကြရပါတယ်။ မြို့တော်တစ်မြို့နဲ့ ကုန်သွယ်နေတဲ့ ဦးလေးကလည်း တူမကို ကူညီမယ့်သူ မဟုတ်ဘဲ မကောင်းတဲ့အကြံနဲ့ ချဉ်းကပ်ချင်နေသူပါ။ တစ်နေ့ တောထဲမှာ အစာရှာနေတုန်း အပင်တွေ သွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဗက်စ်ပါ တွေ့ပြီး ကယ်လိုက်ပါတယ်။ ကယ်တင်ခဲ့တဲ့ အမျိုးသမီးဟာ မြို့တော်က လာသူဖြစ်နေသလို ဒီနေရာကို တစ်ယောက်တည်း ရောက်လာခဲ့တာလည်း မဟုတ်ပါဘူး။
ဇာတ်လမ်းအကြောင်း