Vendhu Thanindhathu Kaadu
မီသူးဟာ တစ်နေ့မှာ ကိုယ့်လက်နဲ့ လူသတ်မိလိမ့်မယ်၊ လူသတ်သမားဖြစ်ဖို့ မွေးလာသူပဲလို့ ဗေဒင်ဆရာတွေက တစ်သံတည်း ဟောထားကြပါတယ်။ အမေဖြစ်သူက သားကို ဒီလိုဘဝမျိုး မရောက်စေချင်လို့ ငွေကြေးမပြေလည်တဲ့ကြားက ကျောင်းထားပေးပြီး B.Sc ဘွဲ့ရတဲ့အထိ ပံ့ပိုးပေးခဲ့တယ်။ ဒါပေမဲ့ မွေးရပ်မြေမှာ ဆူးချုံရှင်းနေတုန်း ကွင်းတစ်ပြင်လုံး မတော်တဆ မီးလောင်သွားရာက လယ်ပိုင်ရှင်နဲ့ ပြဿနာတက်လာပါတယ်။ ပိုင်ရှင်က လျော်ကြေးတောင်းပေမယ့် မီသူးက သူ့အမှားမဟုတ်လို့ မပေးနိုင်ဘူးဆိုပြီး တင်းခံနေတယ်။ အချင်းများရာက လူသတ်မိတော့မလို ဖြစ်သွားတဲ့အတွက် အမေက သူ့ကို ညတွင်းချင်း မြို့က ဦးလေးဆီ ခေါ်ထုတ်သွားရပါတယ်။ မီသူးက မြို့မှာ ဘဝသစ်စပြီး မိဘတွေရဲ့အကြွေးကို ဆပ်ပေးဖို့ အားတင်းထားတယ်။ ဒါပေမဲ့ မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုထဲ ပါဝင်ပတ်သက်မိသွားတဲ့အခါ သူ့ဘဝက ဗေဒင်ဆရာတွေ ဟောထားသလို ဖြစ်လာမလား၊ အမေမျှော်လင့်ထားတဲ့အတိုင်း ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်လာရပါတယ်။
ဇာတ်လမ်းအကြောင်း