ဇာတ်ကားများ ရွေးရန်

Satria Dewa: Gatotkaca

2022ဇာတ်ကားအမှတ် 7.2/10129 မိနစ်

အင်ဒိုနီးရှား စူပါဟီးရိုးဇာတ်ကား Satria Dewa: Gatotkaca က မဟာဘာရာတာဇာတ်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းနောက်ခံအရ ခရစ်တော်မပေါ်ခင် နှစ် ၃၀၀၀ လောက်မှာ ပန်ဒါဝါနဲ့ ကူရာဝါမျိုးနွယ်တွေ ပြည်တွင်းစစ်ဖြစ်ခဲ့ကြတယ်။ ဖျက်ဆီးလုယူတတ်တဲ့ ကူရာဝါတွေထက် ဗီဇကောင်းရှိတဲ့ ပန်ဒါဝါတွေဘက်ကို နတ်ဘုရားတွေက အနိုင်ပေးခဲ့ပါတယ်။ ကူရာဝါတပ်မှူး အဆွာတာမကတော့ နတ်ဘုရားတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့လို့ ထာဝရအကျဉ်းချခံလိုက်ရတယ်။ ဒီနေ့ခေတ်အရောက်မှာ ကူရာဝါမျိုးဆက်တွေဟာ ပန်ဒါဝါမျိုးဆက်တွေကို လိုက်သတ်ပြီး သူတို့သခင် အဆွာတာမကို လွတ်မြောက်အောင် ကြိုးစားလာကြပါတယ်။ ပန်ဒါဝါတွေ အားလုံးသေဆုံးသွားပြီး အဆွာတာမ လွတ်လာမယ့်အဖြစ်ကို တားဆီးဖို့ နောက်ဆုံးမျှော်လင့်ချက်ကတော့ ပန်ဒါဝါတို့ရဲ့ ကယ်တင်ရှင် ဂါတို့ကာ့ကြာဆိုတဲ့ စွမ်းအားရှင်ပါ။ ဂါတို့ကာ့ကြာအသစ်က အစွမ်းတွေကို ဘယ်လိုရလာမလဲ၊ ရန်သူတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း