ဇာတ်ကားများ ရွေးရန်

Maalai Nera Malipoo

2023ဇာတ်ကားအမှတ် 7.0/10119 မိနစ်

လိင်အလုပ်သမတစ်ယောက်ဟာ သူကြုံနေရတဲ့ အခက်အခဲတွေကြားကနေ သားလေးကို ပြုစုပျိုးထောင်ဖို့ ကြိုးစားနေပါတယ်။ ဘဝကို ပြောင်းလဲဖို့ ရုန်းလေလေ ပိုနစ်မြုပ်လာရတဲ့ သူ့အခြေအနေကို လက်တွေ့ဘဝနဲ့ နီးစပ်အောင် ရိုက်ကူးထားတဲ့ ခပ်ငြိမ်ငြိမ်ဇာတ်လမ်းပါ။ နိုင်တဲ့သူ အကုန်ယူစတမ်း လောင်းကစားတစ်ခုလို လောကထဲကို ဘာမှသေချာမသိဘဲ ဝင်မိခဲ့ရာက သူ ဘယ်လိုဒုက္ခတွေ ကြုံလာရသလဲဆိုတာကို ပြထားပါတယ်။ သားအပေါ်ထားတဲ့ မိခင်မေတ္တာကြောင့် ဘာတွေစွန့်စားရမလဲ၊ ခြေကျွံလက်ကျွံ ဝင်မိခဲ့တဲ့ ဒီလမ်းကနေ ပြန်လှည့်နိုင်ပါ့မလားဆိုတာကိုလည်း ဆက်မေးထားပါတယ်။

ဇာတ်လမ်းအကြောင်း