An Affair to Forget
ရိုဝမ်နာရာမိုစ်ဟာ နိုင်ငံတစ်ဝန်း နာမည်ရှိတဲ့ အိမ်ထောင်ရေးရှေ့နေတစ်ယောက်ပါ။ အလုပ်မှာရော လူမှုအသိုင်းအဝိုင်းမှာပါ ရိုသေလေးစားခံရပေမယ့် အိမ်မှာတော့ ခင်ပွန်းက ခပ်ခွာခွာ ဆက်ဆံနေသလို တစ်ဦးတည်းသောသား ချားစ်ကလည်း ခပ်တန်းတန်း ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်က သူ့ကို လှပနုပျိုတယ်လို့ ချီးကျူးကြပေမယ့် ခင်ပွန်းရဲ့ လျစ်လျူရှုမှုကြောင့် ရာမိုစ် စိတ်ထိခိုက်နေရတယ်။ ပန်းချီဆရာဖြစ်တဲ့ ခင်ပွန်းကလည်း ပြပွဲတစ်ခုအတွက် စတူဒီယိုမှာပဲ နေပြီး အသည်းအသန် အလုပ်လုပ်နေပါတယ်။ ပြပွဲမှာ ပြမယ့်ပန်းချီတွေက ကိုယ်လုံးတီးအမျိုးသမီးပုံတွေ ဖြစ်နေတော့ ငယ်ရွယ်လှပတဲ့ ကိုယ်ဟန်ပြမယ်တွေနဲ့ သူ့ခင်ပွန်းကို နှစ်ဦးတည်း အတူရှိနေခွင့်ပေးရတဲ့ အခြေအနေပါ။ ဒီအခြေအနေတွေကြားမှာ ရာမိုစ်ရဲ့ စိတ်မအေးနိုင်မှုက ပိုကြီးလာတယ်။ အမှုသည်တစ်ယောက်ကတစ်ဆင့် အခကြေးငွေမြင့်တဲ့ လိင်အလုပ်သမတစ်ယောက်အကြောင်း သိလာတဲ့အခါ ရာမိုစ် အကြံတစ်ခုရသွားပါတယ်။ ခင်ပွန်း ဖောက်ပြန်နေတာ ဟုတ်မဟုတ် သိချင်လို့ အဲဒီမိန်းကလေးကို ကိုယ်တိုင်ငှားပြီး သူ့ခင်ပွန်းကို မြူဆွယ်ခိုင်းဖို့ပါပဲ။
ဇာတ်လမ်းအကြောင်း