Miss Sloane
အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့ မဲဆွယ်သူတစ်ယောက်ဖြစ်ပြီး အလုပ်ကို အလွန်အလေးထားသူပါ။ စိတ်ဓာတ်မာကြောသလို ကိုယ်အောင်မြင်ဖို့ဆို ဘယ်သူ့ကိုမှ မငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကို မုန်းတီးသူတွေလည်း မနည်းပါဘူး။ သေနတ်ပစ်ခတ်မှုတွေကို တားဆီးဖို့ သေနတ်ဝယ်ယူခွင့်ကို ထိန်းချုပ်သင့်တယ်လို့ လူအများ ယူဆနေချိန်မှာ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကို စိစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ရပ်ကို အမေရိကန်လွှတ်တော်ဆီ တင်သွင်းလာပါတယ်။ ဆလွန်းက အဲဒီဥပဒေကို ထောက်ခံမဲရအောင် မဲဆွယ်ပေးဖို့ တာဝန်ယူလိုက်တယ်။ ဒါပေမဲ့ ဥပဒေကို ဆန့်ကျင်သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါ အသုံးချပြီး တိုက်ခိုက်လာကြပါတယ်။ ထက်မြက်တဲ့ ဆလွန်းဟာ ဒီတိုက်ခိုက်မှုတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ပြန်ကိုင်တွယ်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း