ဇာတ်ကားများ ရွေးရန်

My Son

2022ဇာတ်ကားအမှတ် 5.0/10119 မိနစ်

ဂျန်မင်ဆော့ဟာ ငယ်စဉ်က နာမည်ရပြီး အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ပါ။ ဒါပေမယ့် သားလေးမှာ မွေးရာပါ မသန်စွမ်းမှုရှိနေမှန်း သိလိုက်ရတဲ့နောက် စာရေးဆရာဘဝကို စွန့်လွှတ်ခဲ့တယ်။ အမေမရှိတဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက် ကိုယ့်အိပ်မက်တွေကိုပါ ဘေးဖယ်ပြီး အချိန်ပြည့် စောင့်ရှောက်လာခဲ့တာပါ။ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ကတော့ မိသားစုအကူအညီမပါဘဲ နေ့စဉ်ဘဝကို ဖြတ်သန်းဖို့ အခက်အခဲရှိသူပါ။ သူ့ကို ကူညီပေးနေတဲ့ လူမှုရေးဝန်ထမ်း၊ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ အားပေးမှုနဲ့ သီးခြားအိမ်ခွဲနေချင်လာတယ်။ အဖေ့ကို ပြောပြတော့ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ခံရပြီး သားအဖနှစ်ယောက် ကတောက်ကဆဖြစ်ရာက မတော်တဆမှုတစ်ခု ဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ အဖေဖြစ်သူမှာ ကုသလို့မရနိုင်ဘဲ တဖြည်းဖြည်း ပိုပြင်းထန်လာမယ့် အာရုံကြောဆိုင်ရာရောဂါ ရှိနေကြောင်း သိလိုက်ရတယ်။ Jang Hyun Sung နဲ့ Ahn Seung Gyun တို့ ပါဝင်ထားပြီး သားအတွက် ဘဝကိုမြှုပ်နှံထားတဲ့ အဖေနဲ့ ကိုယ့်ဘာသာ ရပ်တည်ချင်တဲ့ သားတို့အကြောင်းကို ဟာသနဲ့ စိတ်မကောင်းစရာအဖြစ်တွေ ရောစပ်တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း