ဇာတ်ကားများ ရွေးရန်

The Ash Lad: In the Hall of the Mountain King

2017ဇာတ်ကားအမှတ် 6.8/10100 မိနစ်

တိုင်းပြည်ရဲ့ မင်းသမီးဟာ အသက်ဆယ့်ရှစ်နှစ်မပြည့်ခင် အိမ်ထောင်မပြုရင် တောင်ဘုရင်ကြီး ဖမ်းဆီးကျွန်ပြုတာကို ခံရမယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခု ရှိပါတယ်။ မင်းသမီးလေး ခရစ်စတင်းကတော့ လက်မထပ်ချင်လို့ နန်းတော်ကနေ ထွက်ပြေးသွားတယ်။ တစ်ဖက်မှာ ဆင်းရဲတဲ့ လယ်သမားလေး အက်စပန်ဟာ ညီအစ်ကိုသုံးယောက်ထဲမှာ ဘာလုပ်လုပ် အဆင်မပြေသူပါ။ အိမ်ကိုပါ မီးလောင်ပြာကျအောင် လုပ်မိထားတဲ့ သူက မင်းသမီးကို ကယ်တင်ပြီး ဘုရင်ပေးမယ့် ဆုလာဘ်နဲ့ အိမ်ပြန်ဆောက်ဖို့ စိတ်ကူးလိုက်တယ်။ ဒီလိုနဲ့ အက်စပန်နဲ့ သူ့အစ်ကိုတွေဟာ ဘီလူးကြီးရှိတယ်ဆိုတဲ့ တောထဲကို ထွက်လာကြပါတယ်။ တောထဲမှာ သူတို့ ဘာတွေကြုံရမလဲ၊ ပျောက်နေတဲ့ ခရစ်စတင်းကရော ဘယ်မှာလဲ။ ဘီလူးကြီး တကယ်ရှိမရှိနဲ့ ဒဏ္ဍာရီထဲက အကြောင်းတွေ မှန်မမှန်ကိုပါ သိရဖို့ရှိနေတဲ့ စွန့်စားခန်းစိတ်ကူးယဉ်ဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း