Hit the Road
အဖေ၊ အမေ၊ သားနှစ်ယောက်နဲ့ ခွေးတစ်ကောင်တို့ဟာ အငှားကားတစ်စီးနဲ့ ခရီးထွက်လာကြပါတယ်။ ဒါပေမယ့် အပန်းဖြေခရီးတော့ မဟုတ်ပါဘူး။ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် ရွေးချယ်စရာမရှိတော့တဲ့ ဒီမိသားစုဟာ ရှိသမျှပုံအောပြီး သားအကြီးကို တခြားနိုင်ငံဆီ တရားမဝင် ပို့ပေးဖို့ နယ်စပ်ဘက် ဦးတည်လာကြတာပါ။ တရားမဝင် လမ်းကြောင်းကနေ သွားရတာမို့ လမ်းတစ်လျှောက် စိုးရိမ်နေရတဲ့အပြင် သားအငယ်ကလည်း တပူပူ၊ ခွေးကလည်း တဆူဆူနဲ့ပါ။ အခက်အခဲတွေကြားမှာ မိသားစုတစ်စု အားတင်းပြီး ခရီးဆုံးရောက်အောင် ကြိုးစားနေရတယ်။ မရေရာမှုတွေ ပြည့်နေတဲ့ ဒီခရီးကို ဇာတ်လမ်းအစက “ဘယ်ရောက်ပြီလဲ” ဆိုတဲ့ စကားနဲ့ စတင်ထားပါတယ်။ ၉၃ မိနစ်ကြာတဲ့ ဇာတ်ကားထဲမှာ လူဇာတ်ကောင်လေးယောက်နဲ့ ခွေးတစ်ကောင်ကို အဓိကထားပြီး မိသားစုရဲ့ ခရီးကို တင်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း