ဇာတ်ကားများ ရွေးရန်

Cậu Vàng

2021ဇာတ်ကားအမှတ် 3.0/10

ပမ်ဗန်ဟက်နဲ့ သားဖြစ်သူ ပမ်ဗန်ကိုတို့မှာ စားဝတ်နေရေးအတွက် စိုက်ပျိုးစားသောက်ရတဲ့ စိုက်ခင်းလေးနဲ့ ခွေးလေးဗန်ပဲ ရှိပါတယ်။ သူတို့နေတဲ့ရွာမှာတော့ ရွာသူကြီးလီနဲ့ သူ့အဖေ သခင်ဗာတို့က ရွာသားတွေကို အခွန်အခကောက်ပြီး အာဏာနဲ့ ဖိနှိပ်နေကြတယ်။ ပမ်ဗန်ကိုဟာ မိန်းကလေးကိစ္စတစ်ခုကြောင့် သခင်ဗာတို့သားအဖနဲ့ ငြိစွန်းပြီး ရွာကနေ ထွက်သွားရပါတယ်။ အဲဒီအချိန်မှာပဲ ပမ်ဗန်ဟက်တို့ စိုက်ခင်းအတွက် အမြဲသုံးနေတဲ့ ရေတွင်းကို ဗေဒင်ဆရာတစ်ယောက်က နဂါးသွေးကြောလို့ ဟောလိုက်တယ်။ ဒီရေကိုသောက်ရင် သခင်ဗာရဲ့ မျိုးဆက် မပြတ်တော့ဘူးလို့လည်း ပြောတာကြောင့် အဘိုးကြီးရဲ့ စိုက်ခင်းဟာ ရွာသူကြီးလီတို့ လိုချင်တဲ့မြေ ဖြစ်လာပါတော့တယ်။ သားဖြစ်သူလည်း ရွာမှာမရှိတော့ဘဲ အဖက်ဖက်က ပစ်မှတ်ထားခံနေရတဲ့ ပမ်ဗန်ဟက်ဟာ ခွေးလေးဗန်နဲ့အတူ ဘယ်လိုဆက်နေထိုင်မလဲ။ အသက်မွေးဝမ်းကျောင်းအတွက် အားထားရတဲ့ စိုက်ခင်းလေးကိုရော ထိန်းသိမ်းထားနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း