ဇာတ်ကားများ ရွေးရန်

Something in the Dirt

2022ဇာတ်ကားအမှတ် 5.8/10116 မိနစ်

ဘားမှာအလုပ်လုပ်တဲ့ လူလတ်ပိုင်းအရွယ် လီဗိုင်ဟာ ဘဝကို ရည်ရွယ်ချက်မရှိဘဲ ဖြတ်သန်းနေသူပါ။ တိုက်ခန်းအသစ်တစ်ခန်းကို ပြောင်းလာပြီးနောက် သာမန်နေ့လယ်ခင်းတစ်ခုမှာ ဘာပစ္စည်းမှ မရှိသေးတဲ့ သူ့အခန်းထဲကနေ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံလိုက်ရတယ်။ အဲဒီအချိန်မှာ အိမ်နီးချင်းတစ်ယောက်ကလည်း သူနဲ့အတူ ရှိနေပါတယ်။ နှစ်ယောက်စလုံးက သရဲခြောက်တာလို့ ထင်ပြီး ဒီဖြစ်ရပ်ကို မှတ်တမ်းဗီဒီယို ရိုက်ကူးဖို့ စိတ်ကူးလိုက်ကြတယ်။ ရိုက်ပြီးရင် Netflix ကို ရောင်းဖို့အထိ ရည်ရွယ်ထားတာပါ။ ဒါပေမယ့် တကယ်စူးစမ်းကြည့်တဲ့အခါ သရဲခြောက်တာမဟုတ်ဘဲ ပိုနက်နဲတဲ့ ပဟေဠိတစ်ခု ဖြစ်နေတယ်။ အခုမှ သိကျွမ်းကြတဲ့ အိမ်နီးချင်းနှစ်ယောက် ဘာတွေ ဆက်ရှာတွေ့ကြမလဲ၊ သူတို့စိတ်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကရော Netflix ပေါ် ရောက်လာနိုင်မလား။ သိပ္ပံစိတ်ကူးယဉ်၊ ထိတ်လန့်မှုနဲ့ ဟာသတို့ ရောစပ်ထားတဲ့ ဒီဇာတ်ကားကို ကိုဗစ်-၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာရဲ့အိမ်၌ လူဆယ့်နှစ်ယောက်လောက်နဲ့ ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း