ဇာတ်ကားများ ရွေးရန်

Death Proof

2007ဇာတ်ကားအမှတ် 6.8/10113 မိနစ်4K

Death Proof (2007) IMDb Rating (7.0) / Rotten Tomatoes (67%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  6 ကားမြောက် slasher အမျိုးအစား ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ သွေးထွက်သံယို ဒါရိုက်တာကြီး Tarantino ကတော့ ဒီကားကို သူရိုက်ဖူးသမျှ ကားတွေထဲမှာ အစုတ်ပြတ်ဆုံးပဲလို့ ပေါ်တင် ကြေညာခဲ့တယ်။ ဒါပေမယ့် ရုပ်ရှင်ဝေဖန်ရေးဆရာ တော်တော်များများကတော့ ဒီကားဟာ Tarantino ရိုက်သမျှ ကားတွေထဲမှာ အကောင်းဆုံးတစ်ကားလို့တောင် ဆိုနိုင်တယ်လို့ ပြောတဲ့သူက ပြောကြတယ်။ တချို့ကျတောပလည်း အကောင်းဆုံးမဟုတ်တောင် တော်တော် ကောင်းတဲ့ ကား ဖြစ်တယ်လို့ ချီးကျူးကြတယ်။ ဒီကားက Tarantino ရိုက်သမျှကားတွေထဲမှာ အရိုးရှင်းဆုံး နဲ့ linear အတိုင်းသွားတဲ့ (အတိတ်ရောက်သွားလိုက် အနာဂတ်ရောက်သွားလိုက် မလုပ်တဲ့) တစ်ကားတည်းသော ကားပါ။ ဒီကားအကြောင်းပြောမယ်ဆို အရင်ဆုံး ပြောရမှာက ဒီကားမှာ အဓိက တွေ့ရမယ့် စတန့်မန်းဘဲကြီးရဲ့ character အကြောင်းပါ။ ဒီဘဲက ကျွန်တော့်အဖို့တော့ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲမှာ တော်တော်ကြမ်းပြီး တော်တော် ကြောက်စရာကောင်းတဲ့ ဆိုက်ကို ဘဲကြီးပါပဲ။ သူ့ရုပ်က ပြုံးစိ ပြုံးစိနဲ့ မခုတ်တတ်တဲ့ကြောင်လေးလို ရပ်ကွက်ထဲက သဘောကောင်းတဲ့ အဘိုးကြီးလို ရုပ်မျိုး။ တကယ်က လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး လို ချက်ချင်း သတ်ပစ်ရဲတဲ့ အူကြောင်ကြောင် ဆိုက်ကို ကောင်ကြီး။ သူ အူကြောင်ကြောင် ဆိုက်ကိုဖောက်တဲ့ ပုံစံက တခြားသူတွေနဲ့ မတူဘူူး။ ဘယ်သူမှ လုံးဝ မထင်ထားတဲ့အချိန်မှာ ဘယ်သူမှ မထင်ထားတဲ့ နည်းလမ်းမျိုးနဲ့ အုံးခနဲဒိုင်းခနဲ ဆိုက်ကိုဖောက်တာ။ ဒီရုပ်ရှင်ကို နှစ်ပိုင်းခွဲပြီး မြင်လို့ရတယ်။ ပထမ တစ်ပိုင်းကတော့ ကြောက်စရာကောင်းပြီး what the ffff လို့ ထအော်ရတဲ့ အပိုင်း။ ဒုတိယပိုင်းကျတော့ သောက်ရမ်းမိုက်တယ်ဟေး လို့ အားတက်တရော လက်ခမောင်းခပ် ပျော်ရွင်ရတဲ့ အပိုင်း။ ဒါပဲ။ ရှင်းရှင်းလေးနော် ဒီ ရုပ်ရှင်က။ ဒါပေမယ့် ဒီရုပ်ရှင် ရှင်းတဲ့ ပုံစံက ထူးဆန်းတယ်။ လူတစ်ယောက် သွားတိုက်နေတယ်။ ဒါမယ့် နောက်ဆုံးမှ သိလိုက်ရတာက သူ တိုက်နေတဲ့ သွားတိုက်ဆေးက အက်ဆစ်တွေ ဖြစ်နေသလိုမျိုးပေါ့။ ရိုးရိုးလေးနဲ့ ကျောချမ်းစရာကောင်းတယ်။ မိုက်တယ်။ အထူးသဖြင့် သရုပ်ဆောင်ပိုင်းတွေမှာ ကောင်မလေး တွေကိုလည်း အရမ်းသဘောကျတယ်။ ရယ်ရတယ်။ သွားရည်ကျစရာကောင်းတယ်။ အားမလို အားမရလည်း ဖြစ်ရတယ်။ အားရစရာလည်း ကောင်းလှတယ်။ ဟို ဆိုက်ကို အဖိုးကြီးကတော့ ထပ် ပြောစရာ မလိုတော့ပါဘူး။ ပြီးတော့ ကားမောင်းတဲ့အခန်းတွေဆို ကြည့်ရတာ classic ဖြစ်ပေမယ့် အရသာရှိတယ်။ တစ်ကားလုံးရဲ့ colour tone တွေကလည်း classic ဖြစ်နေပေမယ့် ဇာတ်လမ်းနဲ့ လိုက်ဖက်တာမို့ အရသာ ရှိနေတယ်။ ပြီးတော့ costume design လို့ခေါ်တဲ့ အဝတ်အစား စတိုင်တွေကလည်း classic ဆန်ဆန် sexy ကျပြီး character တိုင်းနဲ့ လိုက်ဖက်နေတယ်။ သီချင်းတွေလည်း ဒီတိုင်းပဲ။ classic ဆန်တယ်။ နားဝင်မှာ ရှတတနဲ့ လှတယ်။ ဒီကားနဲ့ပတ်သက်ပြီး စိတ်အကျေနပ်ဆုံးကတော့ ခုနက ပြောတဲ့ moment နှစ်ခုပဲ။ ဇာတ်လမ်း တစ်ဝက်မှာ အုံးခနဲ ဒိုင်းခနဲ ဖြစ်သွားတာလေးရယ် အဆုံးသတ်က ရင်တထိတ်ထိတ်နဲ့ မိုက်နေတာရယ် . . ။ အဲ့ဒီ စိတ်ကျေနပ်မှုက ဘာနဲ့မှ လဲလို့ မရဘူး။ ဒီရုပ်ရှင်က သွေးထွက် သံယို ဒါရိုက်တာကြီး Tarantino ကို အကြွေရဆုံး အချက်တွေထဲက တစ်ချက်ပေါ့။ မှတ်ချက် (၁) ။ ။ တော်ရုံ သွေးထွက်သံယိုလောက်မှ မကြည့်ရဲရင်တော့ ဒီကား မကြည့်ပါနဲ့။ မှတ်ချက် (၂) ။ ။ ဇာတ်လမ်း အတက်နဲ့ အကျနဲ့ ငိုတာလေး ရယ်တာလေး drama ချိုးတာလေးတွေမှ ကြည့်ချင်တယ်ဆိုရင်တော့ ဒီကား မကြည့်ပါနဲ့။ (ရုပ်ရှင်အညွှန်းကို DatShin  Movie Page မှ ကူးယူဖော်ပြပါသည်။) File Size : (6.9 GB) / (3.2 GB) / (1.4 GB) Quality : Blu-Ray Ai Upscaled 4K / 1080p / 720p Format…mkv/ mp4 Duration…01:53:00

ဇာတ်လမ်းအကြောင်း