ဇာတ်ကားများ ရွေးရန်

I Love You, Goodbye

2009ဇာတ်ကား117 မိနစ်

လစ်ဇဲလ်ဟာ ဆင်းရဲချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာတဲ့ မိဘမဲ့မိန်းကလေးတစ်ယောက်ပါ။ သူ့ကို ချစ်နေတဲ့ အမျိုးသားနှစ်ယောက်ရှိပြီး တစ်ယောက်က အေဒရီယန်၊ နောက်တစ်ယောက်က ဂယ်ရီ ဖြစ်ပါတယ်။ အေဒရီယန်ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး အလုပ်မှာလည်း အောင်မြင်နေတဲ့ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ လစ်ဇဲလ်အတွက်ဆို အရာရာ ဖြည့်ဆည်းပေးချင်သူလည်း ဖြစ်တယ်။ ဂယ်ရီကတော့ ဘဝကို ရုန်းကန်နေရသူပါ။ လစ်ဇဲလ်နဲ့ လေးနှစ်ကြာ ချစ်ခဲ့ကြပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ကြတယ်။ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ဆုံးမှာ ဂယ်ရီက လစ်ဇဲလ်ကို ထားသွားခဲ့ပါတယ်။ အဲဒီလို အသည်းခွဲခံခဲ့ရပေမယ့် လစ်ဇဲလ်က အေဒရီယန်ထက် ဂယ်ရီ့ကို ပိုချစ်နေဆဲပါ။ အေဒရီယန်ဘက်မှာလည်း အခက်အခဲတွေ ရှိနေတယ်။ သူ့အမေက အဆင့်အတန်းကွာခြားလွန်းလို့ လစ်ဇဲလ်ကို အမြင်မကြည်သလို သမီးကလည်း အဖေ့ကို လုယူသွားသူအဖြစ် ရန်သူလို သဘောထားနေပါတယ်။ ဂယ်ရီ့ဘက်ကို ပြန်လှည့်ဖို့ကျတော့လည်း တစ်ခါနာကျင်ခဲ့ဖူးတဲ့ လစ်ဇဲလ်မှာ စိုးရိမ်စိတ်ရှိနေတယ်။ ဒီအမျိုးသားနှစ်ယောက်ကြားမှာ ဘယ်သူ့ကို ရွေးချယ်ပြီး ဘယ်သူ့ကို နှုတ်ဆက်သွားမလဲ။

ဇာတ်လမ်းအကြောင်း