ဇာတ်ကားများ ရွေးရန်

The Lost Mausoleum

2024ဇာတ်ကား4K

တရုတ်ပြည်ကြီးရဲ့ပြည်တွင်းစစ်တွေနဲ့ ရှုပ်ထွေးနေတဲ့ခေတ်မှာ အမြတ်ထုတ်ချင်ကြတဲ့ နိုင်ငံခြားသားတွေကအလုံးနဲ့အရင်းနဲ့ဝင်လာခဲ့တယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အတွက် နိုင်ငံခြားသားတွေထပ်အရင် ရတနာတွေကိုရှာပြီးဖွက်ဖို့လူတစ်စုဟာကြံစည်ကြတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ရှေးဟောင်းသုတေသနပါမောက္ခကြီးက ရှေးဟောင်းသင်္ချိုင်းကိုစွန့်စားရှာဖွေရင်း ထူးဆန်းရှားပါးတဲ့မြွေဆိပ်မိသွားခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့သမီးဖြစ်တဲ့သူက မြွေဆိပ်ဖြေဆေးကိုရှာဖွေကိုကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အဆိပ်ကိုဖြေနိုင်ဖို့ မြွေဆိပ်ကိုဖန်တီးသူသာသိလိမ့်မယ်ဆိုပြီးတော့ မြွေတွေကိုထိန်းချုပ်ပြီးနာမည်ကြီးခဲ့တဲ့ ပင်လယ်ဓားပြကြီးရဲ့ ရှေးဟောင်းသင်္ချိုင်းမှာ မြွေဆိပ်ဖြေဆေးကိုရှာကြမယ့် စွန့်စားခန်းဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နေမလဲ...... ထောင်ချောက်တွေနဲ့ပြည့်နေတဲ့ ရှေးသင်္ချိုင်းကြီးထဲမှာ ဖြေဆေးဆိုတာရောရှိနိုင်ပါ့မလား...... Filesize : 3.56 GB / 1.46 GB / 769 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Thriller , Adventure Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

ဇာတ်လမ်းအကြောင်း