ဇာတ်ကားများ ရွေးရန်

The Diary

2024ဇာတ်ကားအမှတ် 6.0/1082 မိနစ်

စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့...... File size…1.20GB / 630MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

ဇာတ်လမ်းအကြောင်း