Har Har Mahadev
မာရသာအင်ပါယာကို တည်ထောင်ဖို့ ကြိုးစားနေတဲ့ကာလမှာ ဘုရင် ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ကြပါတယ်။ အဲဒီအချိန်က မာရသာနယ်မြေတွေဟာ အချင်းချင်း ကွဲပြားနေပြီး အင်အားကြီးတဲ့ ဆူတန်ကလည်း ပိုပြီးကွဲပြားနေအောင် သွေးထိုးပေးနေတယ်။ သတ္တိရှိတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်၊ ကျွဲကိစ္စလောက်နဲ့တောင် အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြပါတယ်။ ဒီအဖြစ်တွေကို ရင်လေးနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ကြိုးစားလာတယ်။ တစ်နယ်ပြီးတစ်နယ် သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ ခုလုံးက ကြောက်ရွံ့ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တွေ့လာပါတယ်။ ပဝန်းခင့်တိုက်ပွဲကို အဓိကဇာတ်အိမ်တည်ထားပြီး ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေ ဦးဆောင်တဲ့ စစ်သည် ၃၀၀ နဲ့ စစ်သည် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တို့ ရင်ဆိုင်ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ တိုက်ပွဲတွေနဲ့အတူ နိုင်ငံရေးအရ ဉာဏ်ချင်းအားပြိုင်ကြပုံကိုလည်း ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း