ဇာတ်ကားများ ရွေးရန်

A Dark Truth

2012ဇာတ်ကားအမှတ် 5.5/10106 မိနစ်

အတိတ်က လုပ်ခဲ့မိတဲ့အရာတွေအတွက် အပြစ်ရှိစိတ်နဲ့ နေနေရတဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန်ဟာ အလုပ်ကနေ အနားယူထားပါတယ်။ လက်ရှိမှာ ရေဒီယိုနိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးလုပ်ရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း ဘဝဖြတ်သန်းနိုင်ဖို့ ကြိုးစားနေသူပါ။ ဒါပေမယ့် ကလီယာဘက်ခ်ရေကုမ္ပဏီရဲ့ ထိပ်တန်းရှယ်ယာရှင်တစ်ယောက်က အလုပ်တစ်ခု လာအပ်တဲ့အခါ သူရှောင်ထားတဲ့အရာတွေနဲ့ ပြန်ရင်ဆိုင်ရတော့တယ်။ ကုမ္ပဏီရဲ့ လောဘကြောင့် အီကွေဒေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းပေးဖို့ပါ။ ဂျက်ဟာ အဲဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အမှန်တရားကို လိုက်ရှာရင်း အတားအဆီးတွေနဲ့ ရင်ဆိုင်လာရပါတယ်။ မိသားစုနဲ့ ဘဝသစ်စဖို့ ကြိုးစားနေတဲ့ အေးဂျင့်ဟောင်းတစ်ယောက်က ဒီအမှုကို ဘယ်အထိ ဖော်ထုတ်နိုင်မလဲဆိုတဲ့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း