ဇာတ်ကားများ ရွေးရန်

Control

2023ဇာတ်ကားအမှတ် 4.8/1084 မိနစ်

Control (2023) စတယ်လာ ဆိုင်မွန်ဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြည်ထဲရေး အတွင်းရေးမှူးပါ။ ဒါပေမယ့် သူဟာ လူမသိသူမသိ လျှို့ဝှက်စွာ ဝန်ကြီးချုပ်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေခဲ့တာပါ။ တစ်နေ့ ပွဲတစ်ခုကနေ ဝန်ကြီးချုပ်ရဲ့ သမီးလေး အီဗီ့ကို အိမ်ပြန်ပို့ပေးဖို့ စတယ်လာနဲ့ ထည့်ပေးလိုက်ပါတယ်။ စတယ်လာရဲ့ကားဟာ နည်းပညာမြင့် အလိုအလျောက် မောင်းတဲ့ စနစ်ပါတဲ့ ကားပါ။ အိမ်ကိုပြန်နေရင်း လမ်းမှာပဲ စတယ်လာရဲ့ကားကို ဟက်ကာ တစ်ယောက်က ဟက်ပြီးတော့ ထိန်းချုပ်လိုက်ပါတယ်။ ဒီလိုနဲ့ စတယ်လာလည်း ကားထဲမှာ ပိတ်မိသွားပြီးတော့ ဟက်ကာ ပြောသမျှ လိုက်လုပ်ရတော့ပါတယ်။ ကိုယ့်ကားထဲမှာကိုယ် ပိတ်မိနေတဲ့ စတယ်လာတစ်ယောက် လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းကတော့ ဒီလောက်ပါပဲ။ ဒီရုပ်ရှင်ဟာ အင်္ဂလန်လူမျိုး ဒါရိုက်တာက ရိုက်ကူးတာဖြစ်လို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူတာကို ခံစားရမှာပါ။ အဲအချက်ကို ကြိုက်တဲ့သူလည်းရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ၁ နာရီခွဲစာလောက် အချိန်ပေးပြီး ကြည့်ဖို့အတွက်တော့ တန်မယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော Leonard Lin ဖြစ်ပါတယ်) Genre..... Action, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 877MB | 445MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

ဇာတ်လမ်းအကြောင်း