ဇာတ်ကားများ ရွေးရန်

Dragonflies

2022ဇာတ်ကားအမှတ် 7.2/10103 မိနစ်

အဲလက်စ်နဲ့ ကာတာတို့ သူငယ်ချင်းနှစ်ယောက်လုံးမှာ ဇာတိမြေကနေ အဝေးကို ထွက်သွားချင်တဲ့ဆန္ဒ ရှိကြပါတယ်။ ရေရေရာရာ အလုပ်မလုပ်ဘဲ ညတိုင်း ပါတီလုပ်၊ ကလပ်သွားရင်း ကိုယ်စီရဲ့ စိတ်ဒဏ်ရာတွေကို ဖြေဖျောက်နေကြသူတွေပါ။ အဲလက်စ်က အသက်ခုနစ်နှစ်အရွယ်မှာ မိခင်ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာကို မြင်ခဲ့ရတယ်။ ကာတာကတော့ အရင်က မိသားစုအပေါ် တာဝန်မကျေခဲ့တဲ့ လေဖြတ်နေသူဖခင်ကို ပြုစုရင်း ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။ အဲလက်စ်ဟာ မိခင်အဆုံးစီရင်ခဲ့တဲ့ ဒီမြို့မှာ ဆက်မနေချင်တော့ဘူး။ တစ်နေ့မှာ ဘိန်းရောင်းရတဲ့ငွေတွေကို ယူပြီး ချစ်သူဂျေနဲ့အတူ ထွက်သွားဖို့ ကြိုးစားပါတော့တယ်။ တစ်ချိန်လုံး တောင့်တခဲ့တဲ့အတိုင်း ထွက်သွားဖို့ လွယ်ကူပါ့မလား၊ မမျှော်လင့်ထားတဲ့ ဘယ်လိုအခက်အခဲတွေ ကြုံလာဦးမလဲ။ ဇာတ်ကားရဲ့ စပိန်အမည် Libelulas က ပုစဉ်းလေးတွေလို့ အဓိပ္ပာယ်ရပါတယ်။

ဇာတ်လမ်းအကြောင်း