ဇာတ်ကားများ ရွေးရန်

Redemption in Time and Space

2024ဇာတ်ကား

သဘာဝလွန်ဇာတ်ကားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်ကားလေးကတော့ သေနတ်တစ်လက်ကအစပြုပြီး အရင်းနှီးဆုံးလူတွေရဲ့စိတ်ရင်းမှန်တွေကို သိလိုက်ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ - အားကျယ်လို့ခေါ်တဲ့ကောင်လေးက ဒုစရိုက်လောကက ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက်ပါ ။ ဒါပေမဲ့ သူကသစ္စာရှိပြီး ညီအစ်ကိုသံယောဇဉ်ကိုလည်းအလွန်မှ တန်ဖိုးထားပါတယ် ။ တစ်နေ့မှာတော့ သူတို့ဆိုင်တစ်ဆိုင်ကိုပစ္စည်းဝင်လုဖို့ မစ်ရှင်လုပ်ကြရင်း မထင်မှတ်ထားဘဲ အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုတစ်ခုဖြစ်လာပါတော့တယ် ။ အဲဒီအချိန် သူမထင်မှတ်ထားတဲ့ သူ့ညီအစ်ကိုက သူ့အစ်ကိုကြီးကိုပစ်လိုက်တဲ့အခါ သူ့ကိုယ်သူစိတ်မထိန်းနိုင်ဘဲ သူလည်း အဲဒီညီအစ်ကိုသေနတ်နဲ့ပစ်လိုက်ပါတော့တယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ သူကိုယ်တိုင်က သူပစ်လိုက်တဲ့သူရဲ့ ခန္ဓာကိုယ်ထဲဝိညာဉ်ဝင်သွားတဲ့အချိန်မှာတော့.... သူတို့အချင်းချင်းအပြင်မှာအဆင်ပြေသလိုရှိပေမဲ့ စိတ်ထဲမှာဘယ်လို အကောက်ကြံနေလဲဆိုတာကို ခံစားကြည့်ဖို့အခွင့်အရေးရလာပါတော့တယ် ။ ကဲဇာတ်လမ်းလေးထဲမှာ သူဒီလိုမျိုးသူများကိုယ်ထဲဝင်ခံစားရင် အချင်းချင်းပစ်ခတ်ကြတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့အဆူံးထိစောင့်ကြည့်ပေးကြပါအုံးနော်။ Filesize : 999 MB / 509 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK

ဇာတ်လမ်းအကြောင်း