The Infernal Machine
စာရေးဆရာ ဘရု့စ် ကို့ဂျ်ဘန်းဟာ လူမသိသူမသိ နေထိုင်နေသူပါ။ တစ်နေ့မှာ ဝီလီယံ ဒူကန့်ဆိုတဲ့ နာမည်နဲ့ စာတွေ သူ့ဆီရောက်လာတယ်။ စာပို့သူက သူရေးနေတဲ့စာအတွက် ဘရု့စ်ရဲ့ အကူအညီကို လိုချင်နေတာပါ။ ဘရု့စ်က မကူညီနိုင်ဘူးလို့ ငြင်းပေမယ့် စာတွေကတော့ ဆက်ရောက်နေဆဲ ဖြစ်ပါတယ်။ ဘရု့စ် လူမြင်ကွင်းကနေ ပုန်းကွယ်နေရတဲ့ နောက်ကွယ်မှာ အတိတ်က ဖြစ်ရပ်တစ်ခုရှိတယ်။ ၁၉၈၁ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက် ကျောင်းဝန်းထဲဝင်ပြီး သေနတ်နဲ့ပစ်ခဲ့လို့ လူ ၁၃ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ တရားခွင်မှာ ကောင်လေးက သူ့မှာအပြစ်မရှိဘဲ ဘရု့စ်ရေးတဲ့ The Infernal Machine စာအုပ်ကြောင့် ကျူးလွန်ခဲ့ရတာလို့ ထွက်ဆိုခဲ့တယ်။ အဲဒီနောက် ဘရု့စ်ဟာ အပြစ်ရှိစိတ်နဲ့ စာဆက်မရေးနိုင်တော့ဘဲ လူတွေနဲ့ ဝေးရာမှာ နေခဲ့တာပါ။ ဝီလီယံ ဒူကန့်ဆီက စာတွေ စရောက်လာပြီးနောက်မှာတော့ ဘရု့စ်ရဲ့ဘဝဟာ ကပြောင်းကပြန် ဖြစ်လာပါတော့တယ်။
ဇာတ်လမ်းအကြောင်း