ဇာတ်ကားများ ရွေးရန်

Athena

2022ဇာတ်ကားအမှတ် 6.6/1097 မိနစ်

အသီနာဆိုတဲ့ ပြည်နယ်လေးမှာ ပြည်သူတွေ ရဲအကြမ်းဖက်မှုကို မကြာခဏ ခံနေရပေမယ့် အရေးတယူ ဖြေရှင်းပေးမယ့်သူ မရှိပါဘူး။ နှစ်လအတွင်း တတိယအကြိမ်အဖြစ် အကြမ်းဖက်မှုတစ်ခု ထပ်ဖြစ်လာပြီး ရဲဝတ်စုံဝတ်ထားသူတွေက အီဒီရာဆိုတဲ့ လူငယ်လေးကို ရိုက်နှက်သတ်ဖြတ်တဲ့ ဗီဒီယို ပျံ့နှံ့လာချိန်မှာတော့ အစိုးရနဲ့ လူထုကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။ အီဒီရာရဲ့အစ်ကို အက်ဘ်ဒဲလ်က စစ်သားတစ်ယောက်ဖြစ်ပြီး ဥပဒေအတိုင်း လိုက်နာရင် အစိုးရက ဖြေရှင်းပေးမယ်လို့ ယုံကြည်ထားတယ်။ ကာရင်းမ်ကတော့ အစိုးရကို မယုံကြည်ဘဲ ညီဖြစ်သူအတွက် တရားမျှတမှုကို အကြမ်းဖက်တဲ့နည်းနဲ့ ကိုယ်တိုင်တိုက်ယူရမယ်လို့ ယူဆထားပါတယ်။ သူအစပျိုးတဲ့ အဓိကရုဏ်းတွေကနေ ပြင်သစ်တစ်နိုင်ငံလုံးအထိ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတယ်။ အစ်ကိုအကြီးဆုံး မော့ခ်တာကတော့ သူ့စီးပွားရေးကို ထိခိုက်လာတဲ့အတွက် အဓိကရုဏ်းတွေ မဖြစ်အောင် လိုက်တားနေပါတယ်။ ညီတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့နောက် အစ်ကိုသုံးယောက်ဟာ မတူညီတဲ့ ယုံကြည်ချက်တွေနဲ့ ဒီပဋိပက္ခကြားမှာ ရင်ဆိုင်နေကြရတာပါ။

ဇာတ်လမ်းအကြောင်း