The School for Good and Evil
ဟိုးရှေးရှေး ပုံပြင်ကမ္ဘာထဲမှာ အစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်က သူတော်ကောင်းနဲ့ မိစ္ဆာကြား ဟန်ချက်ညီနေစေဖို့ မှော်ကျောင်းတစ်ကျောင်း တည်ထောင်ခဲ့ကြပါတယ်။ နှစ်တွေကြာလာတော့ မိစ္ဆာဘက်က ညီဖြစ်သူဟာ စွမ်းအားအားလုံးကို သိမ်းယူချင်လာပြီး အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ဘဲ သူကိုယ်တိုင် သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ကျောင်းမှာ သူတော်ကောင်းဘက်ကပဲ အရေးသာလာခဲ့တာ နှစ် ၂၀၀ လောက် ရှိနေပါပြီ။ ဒီကျောင်းရဲ့ မိစ္ဆာဘက်မှာ ပုံပြင်ထဲက နာမည်ကြီးလူဆိုးတွေရဲ့ သားသမီးတွေ တက်ကြသလို သူတော်ကောင်းဘက်မှာလည်း ဘုရင်အာသာရဲ့သား၊ စနှိုးဝိုက်ရဲ့သမီးတို့လို ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြပါတယ်။ ပုံပြင်မျိုးရိုးထဲက မဟုတ်တဲ့ အပြင်လောကသားတွေလည်း တစ်ခါတလေ တက်ခွင့်ရပြီး သူတို့ကိုတော့ စာဖတ်သူတွေလို့ ခေါ်ကြတယ်။ တစ်နေ့မှာ စိတ်ထားကောင်းတဲ့ ဆိုဖီနဲ့ ဂျစ်ကန်ကန်နိုင်တဲ့ အက်ဂ်သာတို့ ဒီကျောင်းဆီ စာဖတ်သူတွေအဖြစ် ရောက်လာကြပါတယ်။ သူတို့နှစ်ယောက် ရောက်လာပြီးနောက် သူတော်ကောင်းနဲ့ မိစ္ဆာတို့ရဲ့ အားပြိုင်မှု ဘယ်လိုပြောင်းသွားမလဲဆိုတာကို ဆက်ပြထားတဲ့ Netflix ရဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်ဖြစ်ပြီး ကြာချိန် နှစ်နာရီခွဲခန့် ရှိပါတယ်။
ဇာတ်လမ်းအကြောင်း