Castle in the Sky
Castle in the Sky (1986) IMDb - 8.0/10 Rotten - 96% Laputa: Castle in the Sky ဟာ Studio Ghibli ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး ယနေ့ထက်တိုင် Adventure Anime တွေထဲမှာ စံပြဖြစ်နေဆဲ Classic ကားကြီးတစ်ကားပါ။ ဒါရိုက်တာ Hayao Miyazaki ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို အကောင်းဆုံး ပုံဖော်ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စင်းပေါ်ကို ပင်လယ်ဓားပြတွေ စီးနင်းတိုက်ခိုက်ရာကနေ စတင်ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ပါလာတဲ့ Sheeta (ရှီတာ) ဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ထူးဆန်းတဲ့ "ကျောက်ခဲပြာလေး" ကို လုယူဖို့ ကြိုးစားတဲ့ ပင်လယ်ဓားပြတွေနဲ့ အစိုးရသူလျှိုတွေလက်ကနေ ထွက်ပြေးရင်း လေယာဉ်ပေါ်က ပြုတ်ကျသွားပါတယ်။ ဒါပေမဲ့ သူမရဲ့ ကျောက်ခဲပြာလေးကနေ ထူးဆန်းတဲ့ အပြာရောင်အလင်းတန်းတွေ ထွက်လာပြီး သူမကို မြေပြင်ပေါ်သို့ အသာအယာ လွင့်မြောကျဆင်းစေခဲ့ပါတယ်။ အဲဒီအချိန်မှာ သတ္တုတွင်းမှာ အလုပ်လုပ်နေတဲ့ Pazu (ပါဇူး) ဆိုတဲ့ ကောင်လေးက သူမကို ကူညီကယ်တင်ခဲ့ပါတယ်။ ပါဇူးမှာ အိမ်မက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူ့အဖေ တစ်ခါက တွေ့ခဲ့ဖူးပြီး လူတွေက "ဒဏ္ဍာရီ" လို့ပဲ ထင်နေကြတဲ့ ကောင်းကင်ပေါ်က ပျံသန်းနေတဲ့ မြို့တော်ကြီး "Laputa" (လာပြူတာ) ကို ရှာဖွေဖို့ပါ။ ရှီတာရဲ့ ကျောက်ခဲလေးဟာ အဲဒီမြို့တော်ကြီးဆီကို လမ်းပြပေးနိုင်တဲ့ သော့ချက်ဖြစ်နေမှန်း သူတို့ သိလိုက်ရတဲ့အခါမှာတော့- ရတနာတွေကို လိုချင်တဲ့ Dola ဦးဆောင်တဲ့ ပင်လယ်ဓားပြအဖွဲ့၊ မြို့တော်ရဲ့ ရှေးဟောင်းနည်းပညာနဲ့ ကမ္ဘာကို စိုးမိုးချင်တဲ့ Muska ဦးဆောင်တဲ့ စစ်တပ်၊ ဒီအဖွဲ့တွေကြားထဲမှာ ပါဇူးနဲ့ ရှီတာတို့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုစွန့်စားခန်းဖွင့်ပြီး လာပြူတာ မြို့တော်ကြီးကို ရှာဖွေသွားမလဲဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Anime တွေနဲ့ ရင်းနှီးပြီးသားလူဆိုရင် ကြားနေကြအသံလေးတစ်ခုကို မင်းသားဆီမှာ ကြားရပါလိမ့်မယ်ဗျာ..။
ဇာတ်လမ်းအကြောင်း