Straw Dogs
အမေရိကန်နိုင်ငံတောင်ပိုင်း၊ မစ္စစပီက ဘလက်ဝါးတားမြို့လေးကို ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ ဒေးဗစ် ဆန်မနာနဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် အေမီ ကိတ်စ်တို့ ပြောင်းလာကြပါတယ်။ အေမီရဲ့ဇာတိမြို့ဖြစ်ပေမယ့် ရှေးရိုးစွဲလူဖြူအများစု နေထိုင်တဲ့ ဒီမြို့ကလူတွေဟာ အပြင်လူကို သိပ်မကြိုဆိုကြဘူး။ အထူးသဖြင့် မြောက်ပိုင်းကလာတဲ့ ငွေကြေးတတ်နိုင်ပုံရသူတွေ၊ ပညာတတ်ဆန်ဆန် နေသူတွေကို ကြည့်မရကြတာပါ။ ဒေးဗစ်ကလည်း သူတို့ကြည့်မရတဲ့ အချက်တွေနဲ့ ကိုက်ညီနေတဲ့အပြင် မြို့ရဲ့အချောအလှ အေမီနဲ့ လက်ထပ်ထားသူဖြစ်နေလို့ ပိုပြီး မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတယ်။ အေမီရဲ့ရည်းစားဟောင်း ချာလီနဲ့ သူ့သူငယ်ချင်း လက်သမားအဖွဲ့၊ အရက်သောက်ပြီး ဘုကလန့်တိုက်တတ်တဲ့ နည်းပြဟောင်း တွန် ဟက်ဒွန်တို့ကတော့ ဒေးဗစ်ကို အထူးပဲ မနှစ်မြို့ကြသူတွေပါ။ ဘီယာနဲ့ သေနတ်ကိုင်ပြီး ခပ်ကြမ်းကြမ်း နေတတ်ကြတဲ့ မြို့ခံတွေကြားမှာ ဒေးဗစ် ဘယ်လိုနေထိုင်သွားမလဲ။ သူတို့ကို မကြိုဆိုတဲ့မြို့မှာ ဆက်နေသင့်သေးရဲ့လားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာတယ်။ တစ်ဖက်မှာ ချာလီက အေမီကို မမေ့နိုင်သေးသလို ဒေးဗစ်နဲ့ အေမီတို့ရဲ့ အိမ်ထောင်ရေးကလည်း တင်းမာနေပါတယ်။ ၁၉၇၁ ခုနှစ်က နာမည်တူရုပ်ရှင်ကို ပြန်လည်ဖန်တီးထားတဲ့ အက်ရှင်၊ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး Alexander Skarsgård နဲ့ James Marsden တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း