Cruel Intentions 2
ဆီဘတ်ရှန်ဟာ အနေအထိုင်ဆိုးလွန်းတာကြောင့် ကျောင်းပြောင်းပေးခံရတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။ ကျောင်းပြောင်းရတဲ့အပြင် အဖေနဲ့ မိထွေးရှိရာ အိမ်ကြီးကို ပြောင်းနေပြီး ချမ်းသာတဲ့မိသားစုက သားတစ်ယောက်အဖြစ် နေထိုင်လာရပါတယ်။ အဲဒီမှာ မိထွေးရဲ့သမီး ကတ်သရင်းနဲ့အတူ ကျောင်းတက်ရတယ်။ ကတ်သရင်းကတော့ ကျောင်းက တခြားသူတွေရဲ့ လိင်မှုရေးရာကို ဝင်ရောက်ခြယ်လှယ်ဖို့ ကြံစည်နေသူပါ။ သူ့စနက်တွေထဲ ဆီဘတ်ရှန်ပါ ဝင်ပါမိရာက ဇာတ်လမ်းဆက်သွားပါတယ်။ ကတ်သရင်းအဖြစ် Amy Adams သရုပ်ဆောင်ထားပြီး Sarah Thompson နဲ့ Teresa Hill တို့လည်း ပါဝင်ထားကြတယ်။ ပထမကားနဲ့ အကြောင်းအရာဆင်တူပေမယ့် သရုပ်ဆောင်တွေတော့ ပြောင်းထားပါတယ်။ လိင်မှုဆိုင်ရာပြကွက်တွေ ပါဝင်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တဲ့ အချစ်ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း