Warriors of Future
အနာဂတ်မှာ နည်းပညာတွေ တိုးတက်လာပြီး စစ်ပွဲတွေမှာ စက်ရုပ်တွေကိုပါ အသုံးပြုနိုင်လာကြပါတယ်။ ဒါပေမယ့် စစ်ပွဲတွေ များလာတာနဲ့အမျှ ကမ္ဘာကြီးလည်း ညစ်ညမ်းပျက်စီးလာပြီး လေထုပါ အဆိပ်သင့်လာတယ်။ လူတွေဟာ စကိုင်းနက်လို့ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေ တည်ဆောက်ပြီး နေထိုင်ကြရပါတယ်။ တစ်နေ့မှာ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီထဲကနေ အခြားဂြိုဟ်က အပင်တစ်ပင် ပေါက်ထွက်လာတယ်။ ဒီအပင်က ရေနဲ့တွေ့လေလေ ကြီးထွားလေလေဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်းလည်း ပိုမြင့်လာပါတယ်။ ဒါပေမယ့် အန္တရာယ်ပေးနေတဲ့ အဲဒီအပင်မှာပဲ ကမ္ဘာ့လေထုကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိနေပြန်တယ်။ ဒီလိုအခြေအနေမှာ အပင်ရဲ့ ဖျက်ဆီးနိုင်စွမ်းကို တားဆီးပြီး ကမ္ဘာကို ကယ်တင်နိုင်ဖို့ ခက်ခဲတဲ့ စစ်ဆင်ရေးတစ်ခု ဆင်နွှဲကြရပါတယ်။ အဲဒီစစ်ဆင်ရေးကို အခြေခံထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဟောင်ကောင် သိပ္ပံစိတ်ကူးယဉ် အက်ရှင်ရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း