Batman and Superman: Battle of the Super Sons
ဂျော်နသန်ကန့်တ်ဟာ သူ့အဖေ ကလာ့ခ်ကန့်တ်ကို စူပါမန်းမှန်း မသိသေးဘဲ အဖေရဲ့ လစ်ဟင်းမှုတွေကြောင့် စိတ်ပျက်နေတဲ့ ကောင်လေးပါ။ တစ်နေ့မှာတော့ မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့် သူ့မှာလည်း စွမ်းအားတွေရှိနေတာကို သိသွားတယ်။ အဲဒီကနေ အဖေရဲ့ ဘဝအမှန်ကို သိလာရသလို ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့သား ရော်ဘင်တစ်ဖြစ်လဲ ဒေမီယန်တို့ကိုလည်း သိကျွမ်းလာပါတယ်။ လူရိုးလေး ဂျော်နသန်နဲ့ ခပ်ကြမ်းကြမ်း ဒေမီယန်ကတော့ စတွေ့ကတည်းက ဘုနဲ့ဘောက်ပါပဲ။ အဲဒီအချိန်မှာ အာကာသထဲက ဂျက်စတစ်လိဂ်ရဲ့ စောင့်ကြည့်တာဝါ တိုက်ခိုက်ခံရပြီး မသင်္ကာစရာတွေ ဖြစ်လာပါတယ်။ စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင် သွားစုံစမ်းကြပေမယ့် သူတို့ပါ ထောင်ချောက်ထဲ ကျသွားကြတယ်။ ဂျက်စတစ်လိဂ်အပြင် တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကြုံလာတဲ့နောက် ဒီပြဿနာကို ဖြေရှင်းဖို့က ဂျော်နသန်နဲ့ ဒေမီယန်တို့အပေါ် ကျလာပါတယ်။ သူတို့ရင်ဆိုင်ရမယ့် အန္တရာယ်က ကမ္ဘာတစ်ခုတည်းကိုသာမက ကြယ်စင်စုတစ်ခုလုံးကိုပါ ဒုက္ခပေးနိုင်တဲ့အရာ ဖြစ်နေတယ်။ ဘယ်လိုရန်သူနဲ့ ရင်ဆိုင်ရမှာလဲ၊ စတွေ့ကတည်းက မတည့်ကြတဲ့ ဒီနှစ်ယောက် အတူပူးပေါင်းပြီး တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်ပြထားတဲ့ ကာတွန်းအက်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း