ဇာတ်ကားများ ရွေးရန်

Help Me, Eros

2007ဇာတ်ကားအမှတ် 5.7/10116 မိနစ်

ဘဝမှာ ခက်ခဲပင်ပန်းပြီး ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေရင်တောင် အချစ်ကို မျှော်လင့်နေတတ်ကြတဲ့ လူတွေရဲ့ခံစားချက်ကို အခြေခံထားတဲ့ အချစ်ဒရာမာပါ။ ရှင်သန်ချင်သူတွေက စောစောထွက်ခွာသွားရပြီး ဆက်ရှင်ချင်စိတ်မရှိသူတွေကတော့ ဒုက္ခတွေနဲ့အတူ နေကျန်ခဲ့ရသလို ခံစားရတဲ့လောကမှာ တခြားဘာမှမကျန်တော့လည်း အချစ်က ဆက်အသက်ရှင်ဖို့ အကြောင်းပြချက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ ကိုယ်ချစ်နေသူက ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အချိန်၊ တစ်ယောက်ယောက် ထွက်သွားပြီးမှ သူပေးခဲ့တဲ့အချစ်ကို နားလည်လာတဲ့အချိန်တွေရဲ့ ခံစားချက်ကို ပြောထားတယ်။ အားကိုးစရာအဖြစ် ဆုပ်ကိုင်ထားတဲ့ အချစ်ပါ မရှိတော့တဲ့အခါ နောက်ဆုံးမျှော်လင့်ချက်ကိုပါ ဆုံးရှုံးလိုက်ရသလို ဖြစ်သွားနိုင်တာပေါ့။ လူကြီးများအတွက် အကြောင်းအရာတွေ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း