ဇာတ်ကားများ ရွေးရန်

Sweet Sixteen

2002ဇာတ်ကားအမှတ် 7.0/10106 မိနစ်

လီယမ်ဆိုတဲ့ ဆယ့်ငါးနှစ်သားကောင်လေးဟာ သူ့အမေ ထောင်က လွတ်လာမှာကို စောင့်စားနေရင်း သူ့ပထွေးနဲ့ သူ့အဖိုးတို့ရဲ့ အသုံးချမှုကို ခံနေရတဲ့ သူ့အမေကို ကယ်တင်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ သူ့အမေနဲ့အတူ ပိုကောင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်နိုင်ဖို့ စိတ်ကူးယဥ်ရင်း သူလုပ်တတ်တဲ့ အလုပ်နဲ့ ပိုက်ဆံရှာပြီး အိမ်ဝယ်ဖို့ ကြိုးစားလေရဲ့ အဲဒီမှာ သူ့ပထွေး ဖွက်ထားတဲ့ ယာမတွေကို ခိုးပြီးရောင်းလေရဲ့ သူ့အသက် ၁၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုနေ့ဟာ သူ့အမေ ထောင်က ထွက်လာတဲ့နေ့ပေါ့ ၁၆ နှစ်ပြည့်ရင် သူ့မွေးနေ့ကို သူသိပ်ချစ်တဲ့ သူ့အမေရယ် သူ့မိသားစုလေးရယ်နဲ့ အတူကုန်ဆုံးဖို့ မျှော်လင့်ထားတဲ့ လီယမ်... အရွယ်ငယ်ပေမယ့် တာဝန်ယူစိတ်ရှိတဲ့ လီယမ်... သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က သူ့ကို ဘယ်လိုတွေ ပုံသွင်းသွားသလဲဆိုတာ ဒီကားလေးမှာ ရှုစားကြည့်လိုက်နော် ဒီကားကို ရိုက်ကူးထားသူကတော့ ဆင်းရဲမွဲတေမှုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သက်ရောက်မှုတွေကို အဓိက အသာပေးထောက်ပြတတ်တဲ့ ဒါရိုက်တာ ကန်လိုအာ့ချ်ပါ ကိန်းရုပ်ရှင်ပွဲတော်လိုမျိုးမှာ ဆုနှစ်ခါပြန်ရတဲ့ ရှားရှားပါးပါး ဒါရိုက်တာတွေထဲက တစ်ယောက်ပေါ့ File size…(1.5 GB)/(884 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Crime, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

ဇာတ်လမ်းအကြောင်း