Sweet Navidad
Carmen က ကိုယ်ပိုင်မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တဲ့ ပေါ်တိုရီကိုလူမျိုး မုန့်စားဖိုမှူးတစ်ယောက်ပါ။ သူအလုပ်လုပ်တဲ့ဆိုင်ကို လာနေကျဖောက်သည်တွေက ခရစ္စမတ်နေ့ ရန်ပုံငွေပွဲတစ်ခုအတွက် စားဖိုမှူးရွေးချယ်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်လာကြတယ်။ မုန့်လုပ်နည်းတွေကို မိသားစုဆီကပဲ သင်ခဲ့ပြီး တခြားစားဖိုမှူးတွေလို ဟင်းချက်ကျောင်းမတက်ဖူးတဲ့ Carmen ကတော့ စိတ်လှုပ်ရှားပြီး ဝင်ပြိုင်ဖို့ မဝံ့မရဲဖြစ်နေပါတယ်။ မိသားစုရဲ့ တိုက်တွန်းမှုနဲ့ ဝင်ပြိုင်ဖြစ်ပြီး အရွေးခံရတဲ့နောက် သူက Jax ဆိုတဲ့ စားဖိုမှူးတစ်ယောက်နဲ့ တွဲလုပ်ရတော့တယ်။ Jax က တိကျသေသပ်ပြီး စနစ်တကျလုပ်တတ်တဲ့ စားဖိုမှူးချုပ်ဖြစ်ပေမယ့် Carmen ကတော့ ကြိုတင်စီစဉ်ထားတာထက် ကိုယ့်ခံစားချက်အတိုင်း ချက်တတ်သူပါ။ လုပ်ပုံကိုင်ပုံ မတူတဲ့သူတို့နှစ်ယောက်အတွက် အစပိုင်းမှာ ညှိရတာ မလွယ်ပါဘူး။ ရန်ပုံငွေပွဲအတွက် မီနူးတစ်ခု အောင်အောင်မြင်မြင် ပြင်ဆင်ပေးနိုင်ဖို့ တစ်ယောက်အကြောင်းတစ်ယောက် နားလည်အောင် ကြိုးစားကြရတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့အတူ ပေါ်တိုရီကိုအစားအသောက်တွေနဲ့ ရိုးရာခရစ္စမတ်ဆင်နွှဲပုံတွေကိုလည်း တွေ့ရမှာပါ။ ဇာတ်ကားနာမည်ထဲက Navidad ဆိုတာကတော့ စပိန်ဘာသာစကားနဲ့ ခရစ္စမတ်လို့ အဓိပ္ပာယ်ရပါတယ်။
ဇာတ်လမ်းအကြောင်း