ဇာတ်ကားများ ရွေးရန်

Semantic Error: The Movie

2022ဇာတ်ကားအမှတ် 8.8/10177 မိနစ်

ကွန်ပျူတာသိပ္ပံမေဂျာက ချူဆန်းဝူဟာ ဖြောင့်မတ်ပေမယ့် အေးတိအေးစက်နေတတ်တဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျောင်းမှာ အဖွဲ့လိုက်တင်ပြရမယ့် အလုပ်တစ်ခုကို သူတစ်ယောက်တည်း ဒိုင်ခံလုပ်ခဲ့ရတဲ့အခါ တခြားအဖွဲ့ဝင်တွေရဲ့ နာမည်ကို လူသိရှင်ကြားဖျက်ပြီး သူ့နာမည်တစ်ခုပဲ ထည့်တင်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ကြောင့် စီနီယာကျောင်းသား ဂျန်ဂျယ်ယောင်းရဲ့ ပညာရေးအစီအစဉ်တွေ ကမောက်ကမဖြစ်သွားတာကိုတော့ ဆန်းဝူ မသိလိုက်ပါဘူး။ ဒီဇိုင်းမေဂျာက ဂျန်ဂျယ်ယောင်းဟာ လူချစ်လူခင်ပေါများပြီး ဆန်းဝူနဲ့ စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေသူပါ။ နိုင်ငံခြားပညာတော်သင်သွားဖို့ စီစဉ်ထားတာ ပျက်သွားတဲ့အတွက် ပြဿနာရှင်းဖို့ ဆန်းဝူကို မရမက လိုက်ရှာတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် အတူတွဲလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ အစအနောက်သန်တဲ့ ဂျယ်ယောင်းနဲ့ အေးစက်စက် ဆန်းဝူတို့ကြားမှာ ထူးခြားတဲ့ သံယောဇဉ်တစ်ခု စဖြစ်လာပါတယ်။ ဒီရုပ်ရှင်က Semantic Error စီးရီးအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း