ဇာတ်ကားများ ရွေးရန်

To Be Immortal

2018ဇာတ်ကားအမှတ် 10.0/1086 မိနစ်

ဖုယန်ဆိုတဲ့ ကောင်လေးက ဆေးရုံမှာ သေဆုံးသွားပြီး ဝိညာဉ်နဲ့ကိုယ် ခွဲထွက်သွားပါတယ်။ အဲဒီအချိန်မှာ သူ့ကိုမြင်နိုင်သူဆိုလို့ သေမင်းလိုလို ဝတ်စုံအနက်နဲ့ လူတစ်ယောက်ပဲ ရှိတော့တယ်။ ဖုယန်က အဲဒီလူကို စကားသွားပြောရာကနေ မသေမျိုးကျင့်စဉ်ကို ကျင့်မလား၊ ငရဲကို ချက်ချင်းသွားမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခု ပေးခံလိုက်ရပါတယ်။ ဖုယန်က ကျင့်စဉ်ကျင့်ဖို့ ရွေးလိုက်တဲ့နောက် အချိန်စက်ဝန်းမန္တန်ကြောင့် ဘယ်မှန်းမသိတဲ့ နေရာတစ်ခုကို ရောက်သွားတော့တယ်။ ဓားပျံလေးကနေ ပြောင်းလဲလာတဲ့ ဓားဝိညာဉ်ကို သဘောကျမိသလို အတိတ်ကာလကို ပြန်ရောက်ပြီး လေ့ကျင့်မှုတွေလည်း လုပ်ရတယ်။ ဒါပေမဲ့ မသေမျိုးဖြစ်ဖို့ စစ်ဆေးတဲ့စာမေးပွဲကို မအောင်ရင် သူ့ဝိညာဉ်ပါ ပျက်စီးသွားမှာပါ။ ဟာသတွေရောပါတဲ့ ဒီစိတ်ကူးယဉ်အက်ရှင်ဇာတ်လမ်းမှာ ဖုယန် ဘယ်လိုကျင့်ကြံရမလဲ၊ ဘယ်လိုစာမေးပွဲတွေကို ဖြေပြီး အောင်မြင်အောင် ကြိုးစားရမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း