ဇာတ်ကားများ ရွေးရန်

The Iceman

2012ဇာတ်ကားအမှတ် 6.5/10105 မိနစ်

ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမားဖြစ်ပြီး သူ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ မှုခင်းအတ္ထုပ္ပတ္တိဇာတ်ကားပါ။ လူပေါင်းတစ်ရာလောက်ကို သတ်ခဲ့သူလို့ ဖော်ပြထားတဲ့ သူဟာ မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေယူပြီး လူသတ်ပေးတယ်။ မကြောက်မရွံ့နဲ့ သွေးအေးအေး သတ်ဖြတ်တတ်တာကြောင့် ရေခဲလူသား၊ Iceman လို့ အမည်ရထားပါတယ်။ ဇာတ်လမ်းက သူ့ရဲ့ ရက်စက်တဲ့ဘက်ကိုသာမက မိသားစုကို တန်ဖိုးထားပြီး ကြင်နာတတ်တဲ့ဘက်ကိုလည်း ပြထားတယ်။ ကလေးတွေနဲ့ မိန်းကလေးတွေကိုတော့ ဘယ်လိုအခြေအနေမှာမဆို မသတ်သူအဖြစ် ဖော်ပြထားပါတယ်။ လောကဓံနဲ့ အကြင်နာမဲ့တဲ့ လူကြီးတချို့ကြောင့် ကြေးစားလူသတ်သမားဘဝကို ရောက်သွားပုံ၊ သူ့ဘဝရဲ့ အနိမ့်အမြင့်တွေကို ကြမ်းတမ်းတဲ့အဖြစ်အပျက်တွေနဲ့ နူးညံ့တဲ့အခိုက်အတန့်တွေ တွဲဖက်တင်ဆက်ထားပြီး Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း