Dragon Sword:Outlander
To Be Immortal ရဲ့ အဆက်သဘောဖြစ်တဲ့ ဒီဇာတ်ကားမှာ သိုင်းပညာနဲ့ အဂ္ဂိရတ်ပညာအကြောင်း ဆက်ပြထားပါတယ်။ ကျင့်ကြံသူတွေ ဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မယ့် အခြေအနေမှာ ဖုယန်နဲ့ သူငယ်ချင်းတစ်စုက ဖြေရှင်းနိုင်မယ့်နည်းကို လိုက်ရှာရင်း တောအုပ်တစ်ခုထဲ ရောက်သွားကြတယ်။ အဲဒီနေရာက သာမန်တောအုပ်မဟုတ်ဘဲ အပြင်လောကနဲ့ အဆက်ပြတ်နေတဲ့ ဝင်္ကပါတောအုပ်ပါ။ သာမန်လူတွေ ဝင်လို့မရတဲ့အပြင် သားရဲမိစ္ဆာကောင်တွေကြောင့် အသက်ရှင်ဖို့တောင် ခက်တဲ့တောထဲကို ဖုယန်က ရောက်သွားခဲ့တာပါ။ တောအုပ်ထဲက သီးခြားကမ္ဘာမှာ နေထိုင်တဲ့ဂိုဏ်းရဲ့ အမတမျိုးနွယ် အကြီးအကဲက ဖုယန်ကို သတိထားမိပြီး တပည့်ဖြစ်သူကို ချဉ်းကပ်ခိုင်းလိုက်တယ်။ တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းက သူ့ပညာတွေ အမွေပေးချင်လို့ ဖုယန်ကို အတင်းအကျပ် သင်ပေးတော့တယ်။ ဒီလိုအခြေအနေထဲမှာ ဖုယန် ဘာတွေထပ်ကြုံရဦးမလဲ။ တောအုပ်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား၊ အဂ္ဂိရတ်ပညာကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း