ဇာတ်ကားများ ရွေးရန်

What We Wrote Together aka Lo que escribimos juntos

2024ဇာတ်ကား93 မိနစ်

What we wrote together 2024 လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်လောက်အတိုင်းအတာထိ ပွင့်လင်းဖို့လိုအပ်ပါသလဲ။ သားသမီးနဲ့ကြား ညီအစ်ကိုမောင်နှမတွေနဲ့ သမီးရည်းစားတွေကြားမှာရော ဘယ်လိုမျိုးရင်ဖွင့် ဖေးမပေးကြဖို့ လိုအပ်ပါသလဲ။ နားလည်မှုနဲ့ ဖေးမမှုဆိုတာကို ဒီဇာတ်လမ်းလေးထဲက ဟွမ်နဲ့ မာရီရာနိုတို့ လိင်တူချစ်သူ ၂ဦးကနေ အတိုင်းအတာတစ်ခုထိ သိမြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟွမ်နဲ့ မာရီရာနိုတို့ဟာ မြို့ကြီးပြကြီးကနေ အေးချမ်းတိတ်ဆိတ်လှတဲ့ နယ်ဘက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဟွမ်ကတော့ နာမည်ရခါစ စာရေးဆရာလေးတစ်ဦးဖြစ်ပြီး မာရီရာနိုကတော့ အပင်ငယ်လေးတွေစိုက်ပျိုးပါတယ်။ သိပ်ကိုချစ်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြပြီး ပျော်ရွှင်စွာဖြတ်သန်းနေရင်းက ဟွမ်ရဲ့မိတ်ဆွေ ခါလာဆိုတဲ့အမျိုးသမီး လာလည်ရာက အတွေးတွေကိုမြိုသိပ်တတ်တဲ့ဟွမ်တစ်ယောက် အတွေးပေါင်းများစွာနဲ့ ပုံမှန်လုပ်နေကျမဟုတ် အနည်းငယ်ထူးဆန်းစွာ ပြုမူလာခဲ့ပါတယ်။ ဒါကိုသူတို့ လိင်တူချစ်သူ၂ယောက် ဘယ်လိုမျိုးနားလည်မှုတွေနဲ့ အဆင်ပြေအောင် ဖြေရှင်းယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ တချို့ဇာတ်ဝင်ခန်းလေးတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့ရာ မသင့်လျော်ပါ။ File size… 1.06 GB / 586 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Wunna

ဇာတ်လမ်းအကြောင်း