ဇာတ်ကားများ ရွေးရန်

Ordinary Hero

2022ဇာတ်ကားအမှတ် 7.3/1097 မိနစ်

CM က ပရိတ်သတ်ကြီးကို ဒီနေ့မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် ၂၀၂၁ ခုနှစ် ၄ လပိုင်း ၃၀ ရက်နေ့မှာ ကျေးရွာလေးတစ်ရွာက အသက် ( ၇ ) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လယ်ထွန်စက်နဲ့ လက်မောင်း ညှပ်ပြီးတော့ လက်မောင်းပြတ်ထွက်သွားခဲ့ပါတော့တယ် ကျေးရွာလေးဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ဆေးပညာတွေဆိုတာ မဖွံ့ဖြိုးသေးပါဘူး ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ဝူလူမုချီ (Ürümqi) မြို့ကို ခွဲစိတ်ကုသခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ခွဲစိတ်မှုလုပ်ရင်လည်း ဒဏ်ရာရတဲ့အချိန်ကနေပြီး စပြီး ခွဲစိတ်မှုလုပ်ချိန်အထိ (၈) နာရီအတွင်းမှာ ပြီးမြောက်ရမယ်ဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် ဆဲလ်တွေသေဆုံးသွားပြီး​တော့ ဒဏ်ရာက ကုသလို့မရတော့ဘူးလို့ ဒေသခံဆရာဝန်က ပြောလာခဲ့တဲ့အခါမှာတော့ - ❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးက ဖြစ်တာမို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ကြရမှာလဲ? ❐ ကလေးလေးကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုရမဲ့အပြင် - ❐ (၇) နှစ်အရွယ်ကလေး မိသားစုဝင်တွေရဲ့ ပူပန်မှုတွေ, ❐ ဒုက္ခရောက်နေသူကို အချင်းချင်းရိုင်းပင်းကူညီမှုတွေ, ❐ သူ့တာဝန်နဲ့သူ အသီးသီးကျေပွန်အောင်လုပ်ဆောင်ကြပုံတွေကို အသေးစိတ်ကျကျရိုက်ပြထားထားတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဒါ့အပြင် “Li Bing Bing,Ma Tian Yu , Feng Shao Feng, Huang Xiao Ming,Zhang Yi Shan,Gulnezer, Hankiz Omar,Hu Bing Bing” အစရှိတဲ့ န ာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ ပိုပြီးတော့တောင် လက်မလွှတ်သင့်ပါဘူးနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

ဇာတ်လမ်းအကြောင်း