Kite
ကောင်မလေးတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် တိုက်ခန်းပေါ်ကို အတူတက်လာတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းစထားပါတယ်။ ယောက်ျားဖြစ်သူက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေပြီး ကောင်မလေးကတော့ မလိုက်ချင်ပေမယ့် ခေါ်ရာကို လိုက်လာရပုံပါပဲ။ သူ့နာမည်က ဆာဝါဖြစ်ပြီး သေးသေးသွယ်သွယ် အသွင်အပြင်နောက်က သူ့ဘဝဟာ ထင်ထားတာထက် ကြမ်းတမ်းခဲ့ပါတယ်။ ဆာဝါ ငယ်ငယ်ကတည်းက မိဘနှစ်ပါး ရက်ရက်စက်စက် အသတ်ခံခဲ့ရတာကြောင့် သူဟာ လက်စားချေဖို့ အမြဲစဉ်းစားနေသူပါ။ သူ့မိဘတွေကို ဘယ်သူသတ်ခဲ့တာလဲ၊ ဘာကြောင့် အသတ်ခံခဲ့ရတာလဲဆိုတာကို စုံစမ်းရာမှာ Samuel L. Jackson သရုပ်ဆောင်ထားတဲ့သူက တစ်ဖက်ကနေ ကူညီပေးနေပါတယ်။ ဆာဝါရဲ့ လက်စားချေမယ့် အစီအစဉ်တွေ အောင်မြင်နိုင်ပါ့မလား။ မိဘတွေ အသတ်ခံခဲ့ရတဲ့ အကြောင်းရင်းကို သိလာရတဲ့အခါ သူ့အပေါ် ဘယ်လိုသက်ရောက်လာနိုင်မလဲ။
ဇာတ်လမ်းအကြောင်း