ဇာတ်ကားများ ရွေးရန်

Rain Man

1988ဇာတ်ကားအမှတ် 7.8/10134 မိနစ်

Rain Man Rain Man ဆိုတာနဲ့ ရုပ်ဖြောင့်ဖြောင့် ခတ်ထက်ထက် လူငယ်တစ်ယောက်နဲ့ Autistic ဖြစ်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက် သူတို့နှစ်ယောက်ကိုပဲကျွန်တော့် မျက်စိထဲ ပြေးမြင်မိပါတယ်။ ဒီကားက 1988 ခုနှစ်မှာထွက်ခဲ့တာပါ။ အခုအချိန်နဲ့ဆို ဇတ်ကားတေထွက်ခဲ့တာ ၃၁ နှစ်ရှိပြီပေါ့ဗျာ။ ဝင်ငွေပိုင်းအရ ၂၅ Million ရင်းပြီး Worldwide ၃၅၄ အထိပြန်ရခဲ့ပါတယ်။ ကျွန်တော် သိသလောက် ပြေးပြေး ဖောရက်စ့် ဆိုတဲ့ Tom Hanks ကားထွက်လာမှပဲ ထိပ်ကနေ အောက်ဆင်းပေးရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇတ်ကားတစ်ခုဖြစ်ပါတယ်။ (1988 ) မှာတုန်းက Rank 1 ချိတ်ခဲ့တဲ့ကားပါ။ Run Time က 133 Mins ရှိပြီးတော့ Tom Cruise နဲ့ သူ့ခေတ်သူ့အခါက Greatest Actor တွေထဲကတစ်ယောက် လို့ပြောကြတဲ့ မင်းသားကြီး Dustin Hoffman ရယ် မင်းသမီး Valeria Golino တို့အဓိကပါဝင်ထားတဲ့ Genre အနေနဲ့ Comedy-Drama ကားတစ်ကားပါ ။ အော်စကာမှာ Best Picture ၊ Best Original Screenplay ၊ Best Director၊ ၊ Best Actor တွေအပြင် စတာတင် လေးဆုအထိဝင်ခဲ့ပါသေးတယ်။ နောက် ဘလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Golden Bear ဆုလဲရခဲ့တယ်လို့ဆိုပါတယ်။ မင်းသားကြီး Dustin Hoffman က လက်ရှိ ၈၂ နှစ်ရှိပါပြီ နောက်ပြီး ဒီကားနဲ့ပဲ Dustin Hoffman ဟာ 1989 မှာ Best Actor ဆုရခဲ့ပါတယ်။ သူဆုရခဲ့တဲ့ ကားတွေ စကာတင်ပါခဲ့တာတွေကတော့ Google ခေါက်လိုက်လို့ပေါ်လာတာတွေနဲ့တင် Screen မဆန့်ပါဘူး ခင်ဗျ အဲ့သလိုမင်းသားကြီးပါ။ သူဘာလို့ရခဲ့တယ်ဆိုတာကိုတော့ ဒီကားကြည့်ဖူးသူတိုင်းနားလည်ကြမှာပါ။ နောက်ထပ် Tom Cruise ၊ သူ့အကြောင်းကတော့ သိပ်ပြောစရာမလိုအောင်သိနေကြပီးသားပါပဲ။ ဇတ်လမ်းအကျဉ်းပြောရရင်တော့ အဲ့ဒီခေတ်အခါက ခေတ်စားလှတဲ့ လန်ဘိုဂီနီတွေကို LA ထဲသွင်းပြီး စီးပွားရှာနေတဲ့ ကားဝယ်ရောင်းသမားလေး ချာလီ (တွမ်) တစ်ယောက် ကြိုပွိုင်နဲ့ကားရောင်းရာမှာ ကားမရောက်လာတဲ့အတွက် အလုပ်ကိစ္စခေါင်းကိုက်နေတုန်းမှာ သူနဲ့တစ်လျှောက်လုံးခပ်တန်းတန်းဖြစ်နေခဲ့တဲ့ သူ့အဖေဆုံးကြောင်း သိလိုက်ရပါတယ်။ ဒါနဲ့ သူ့ကောင်မလေး ဆူဆန် (Valeria ) နဲ့အတူ အိုဟိုင်းယိုးကိုလိုက်သွားပါတယ်။ နောက် သူ့အဖေက ဒေါ်လာသန်းနဲ့ချီတဲ့ အမွေကျန်ရစ်ငွေတွေကို သူ့ကိုမလွှဲပေးခဲ့ဘဲ တွမ် ကိုယ်တိုင်က ရှိမှန်းတောင်မသိခဲ့ရတဲ့ သူ့အစ်ကိုဖြစ်သူဆီကို လွှဲပေးခဲ့ပါတယ်လို့ သိလိုက်ရပါတယ်။ သူ့အစ်ကိုဖြစ်သူ ရေမွန် (ဒက်စတင်) က ဂေဟာတစ်ခုမှာနေနေရတဲ့ Autism ဖြစ်နေသူတစ်ယောာက်ပါ။ အဲ့ဒါအပြင် သူ့မွေးသားဖခင်က သူ့အတွက် သားအဖစကားများခဲ့ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ 1949 ထုတ် Roadmaster ကားတစ်စီးကိုပဲချန်ခဲ့တာကိုပါ သိလိုက်ရတဲ့အခါမှာ သူ့အစ်ကို ကိုစောင့်ရှောက်ခွင့်နဲ့ အမွေတစ်ဝက်ကိုလဲယူဖို့ ဂေဟာက ဆရာနဲ့ညှိပါတယ် အဆင်မပြေခဲ့ပါဘူး။ အခြေအနေအရ ရေမွန်ကို သူတစ်ညခေါ်သိပ်ရတုန်းမှာ ချာလီ ရဲ့ ရေမွန် အပေါ်ဆက်ဆံပုံကို သဘောမကျလို့စကားများကြရင်း ဆူဆန်ထွက်သွားပါတယ်။ နောက်တော့ သူ့အစ်ကိုဖြစ်သူညဏ်ရည်ချို့တဲ့နေတာကို အသုံးချပြီး ငွေတွေကိုသူအပိုင်ရဖို့ ကြံပါတော့တယ်။ ဒီကားမှာကတော့ ရေမွန်နဲ့ ချာလီဆက်ဆံရေးကို ဒရမ်မာကားပီပီ ချပြထားပါတယ်။ နောက် Autism တစ်ယောက် ပေမဲ့ မှတ်ညဏ်ကောင်းလွန်းတဲ့ ရေမွန်ကြောင့် ကြုံရတာလေးတွေက ကျွန်တော့်အတွက် ဒီဇတ်ကားရဲ့ တကယ့်မှတ်မိစရာတွေပါပဲ။ ဒီဇတ်ကားကို စကြည့်ဖူးချိန်က 2000 ပြည့်နှစ် လောက်တုန်းကပါ ဒီဇတ်ကားမှာ တွမ်ခရုစ့် ကိုလုံးဝကြိုက်သွားတာပါပဲ The Last Samurai နဲ့ MI တို့က နောက်မှ ကြည့်ဖြစ်ခဲ့တာပါ ။ နောက်သူတို့ညီအစ်ကိုနှစ်ယောက် ကြားဆက်ဆံရေးကို ပြသွားတာတွေ သွေးသားသံယောဇဉ်တွေကိုထုတ်ပြတာတွေက အဲ့ဒီအချိန်ကြည့်တုန်းမှာတော့ လုံးဝကြည်နူးစရာတွေပါပဲ။ ထပ်ညွှန်းရရင်တော့ဖြင့် သိတဲ့သူတိုင်းက ခဏခဏ တောင်းကြပါတယ်။ ကျွန်တော်လဲကြိုက်ပါတယ်။ ကြည့်ဖူးသူတိုင်းလဲ ကြိုက်ကြပါတယ်။ မကြည့်ရသေးတဲ့လူတွေလဲ မကြည့်ခင်တည်းကကြိုက်ကြမှာပါ။ အဟောင်းထဲက အကောင်းတွေထုတ်ပြရင် တွမ်ဟန့်ကားတွေလိုပဲတန်းဝင်ပါတယ်ခင်ဗျ။ မသေခင်ကြည့်သွားသင့်တဲ့ကားတွေထဲမှာ ဒီကားကိုကျွန်တော် ထည့်ချင်ပါတယ်ခင်ဗျ။ (ဇာတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့ ကို ဟေးဒိ့ ဖြစ်ပြီး ငတုံးမျိုးကို မှအညွှန်းရေးပေးထားပါတယ်။ Encoded ပေးထားတာကတော့ ကျနော် Arkar Phyo ပါ။) File Size : (1 GB) Quality : .1080p.BluRay Running Time :2hr  13min Format : Mp4 Genre    : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ဟေးဒိ့ Encoded by Arkar Phyo (Yrfatt)

ဇာတ်လမ်းအကြောင်း