Hanging on the Same Rope aka Ayni Ipte Asili
Ayni Ipte Asili (2024) CM ပရိသတ်ကြီးအတွက် တူရကီဒရာမာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ညီလေးဖြစ်သူ အီဖီရဲ့အိမ်နားကို လုပ်ငန်းကိစ္စနဲ့ လမ်းကြုံဝင်ပြီး လာလည်ခဲ့တဲ့ အစ်ကိုဖြစ်သူစီနန်၊ ညီဖြစ်သူ အီဖီရဲ့အိမ်မှာတော့ အီဖီရဲ့ သူငယ်ချင်းတွေ အုပ်လိုက်ကြီးပဲ အတူတူနေထိုင်နေတာကို တွေ့လိုက်ရပါတယ်။ လူတွေအများကြီး အတူတူနေလို့ အဆင်ပြေကြလားဆိုတော့ အဆင်ပြေဖို့ နေနေသာသာ တစ်ယောက်တစ်ပေါက်နဲ့ ဖြစ်ချင်တိုင်းတွေ ဖြစ်လို့နေပါတော့တယ်။ အီဖီကတော့ အိုင်ဆက်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေနေတာဖြစ်ပြီးတော့ နှစ်ယောက်လုံး ရုပ်ရှင်ပညာကို လေ့လာနေကြသူတွေလည်းဖြစ်ပါတယ်။ အီဖီရဲ့အိမ်မှာ အတူတူနေကြတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အာလီ၊ သူကတော့ မွေးမြူရေးအကောင်တွေကို ဝယ်ရောင်းလုပ်ရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတာဖြစ်ပြီး အိမ်ထောင်ကျပြီးလို့ ကလေးတစ်ယောက်ရနေပြီဖြစ်ပါတယ်။ အီဖီရဲ့အိမ်ကို မွေးမြူရေးအကောင်တွေကိစ္စနဲ့ ခဏလာနေတာလို့ ပြောပေမယ့် ဒီကိစ္စကြောင့် ဟုတ်မနေခဲ့ပါဘူး။ နောက်တစ်ယောက်ကတော့ အမြဲ အရက်မူးနေတဲ့ ဘူစရာ၊ အာလီရဲ့ ပိုက်ဆံတွေနဲ့ အမြဲ အရက်ဝယ်သောက်ပြီးတော့ သူတို့နှစ်ယောက်ကြားမှာလည်း ပိုက်ဆံကိစ္စနဲ့ ပတ်သတ်ပြီးတော့ ပြဿနာလေးတွေရှိနေပါတယ်။ စီနန်လာလည်တဲ့နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် အာလီနဲ့ ဘူစရာတို့ ပြဿနာတက်ကြရင်း အိမ်လေးထဲမှာ လူတွေအများကြီးနဲ့ ပွက်လောတွေ ရိုက်ကုန်ပါတော့တယ်။ ဒီလိုနဲ့ ဒီအိမ်လေးထဲက လူတွေကြားမှာ ဘယ်လိုပြဿနာတွေရှိနေတာလဲ ...... နောက်ကွယ်က လျှို့ဝှက်ချက်တွေကရော ဘာလဲ ...... သူတို့တွေ အကုန် ပြန်ပြီးတော့ အဆင်ပြေသွားနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်) File size… 1.14 GB / 698 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
ဇာတ်လမ်းအကြောင်း